ရန်ကုန်မြို့တွင် MG-5 EV  လျှပ်စစ်ကားများဖြင့် Taxi ဝန်ဆောင်မှုပေးမည်

၂၀၂၃ စက်တင်ဘာ ၂၀
    ရန်ကုန်မြို့တွင် MG-5 EV လျှပ်စစ်ကားများဖြင့် Taxi ဝန်ဆောင်မှုပေးသွား မည်ဖြစ်ကြောင်း Kilo Taxi Group  မှ သိရသည်။
    Kilo Taxi Group သည် ရန်ကုန်မြို့တွင်းခရီးစဉ်များအတွက် လျှပ်စစ်ကား EV ကားကုမ္ပဏီတစ်ခု ဖြစ်သည့် MG နှင့် လက်တွဲကာ ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစီအစဉ်ကို လာမည့်တစ်ပတ်တွင် စတင်မည်ဟု Kilo Taxi Group  ၏ Founder ဖြစ်သူ ကိုလင်းက ပြောသည်။
    "ရှေ့တစ်ပတ်တည်းမှာ ပြေးဆွဲမယ်။ ဆွဲဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါက Kilo Taxi Group နဲ့ MG တွဲပြီး တော့ ခရီးသည်တွေကို ဝန်ဆောင်မှုပေးမှာပေါ့။ ကားက MG မော်ဒယ်လ်ပေါ့။ ကားက လုံး၀ လျှပ်စစ်ကား Luxury Great ပေါ့။ အဲဒါနဲ့ ဝန်ဆောင်မှုပေးမှာ။ ကျွန်တော်တို့က လောလောဆယ်မှာ မိတ်ဆက်တဲ့ပုံစံနဲ့ သွားမှာပါ။ ပြည်သူတွေကို EV ကားနဲ့ ရင်းနှီးအောင်၊ ဒီက ကျွန်တော်တို့ ကောက်ခံ တဲ့နှုန်းထားအတိုင်းနဲ့ပဲသွားမှာပါ"ဟု ၎င်းကပြောသည်။
    Kilo Taxi Group သည် ၂၀၁၈ ခုနှစ်မှစတင်ကာ ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံပြီး စိတ်ချမ်းသာစွာ သွားလာနိုင်ရေးအတွက် မြန်မာနိုင်ငံနှင့် သင့်လျော်မည့် Km/Fare စနစ်ဖြင့် ပထမဆုံး ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရ သည်။
    MG-5 EV လျှပ်စစ်ကားများဖြင့် Taxi ဝန်ဆောင်မှုပေးသွားမည့် အစီအစဉ်ကို ရန်ကုန်မြို့ ဆရာစံ လမ်းရှိ MG Car Show Room မှ စတင်ထွက်ခွာရန် စီစဉ်ထားပြီး လတ်တလောတွင် အစီးရေနှစ်စီးဖြင့် စတင် မည်ဖြစ်သော်လည်း။ နောက်ပိုင်းတွင် အစီးရေ ၂၀ အထိ တိုးချဲ့ပြေးဆွဲပေးသွားမည်ဟု  ကိုလင်းက ဆက်ပြောသည်။
    Kilo Taxi Group မှ ကောက်ခံသည့် ဈေးနှုန်းနှင့်စနစ်မှာ Km/Fare စနစ်ဖြစ်ပြီး မီးပွိုင့်မိကားကျပ်သည့် အချိန်ကို ထည့်မပေါင်းသည့်စနစ်၊ (Distance) အကွာ အဝေးတိုင်းသာ ကောက်ခံသည့် ပုံစံဖြစ်ပြီး On call Service ဖြင့် စီးနင်းလိုသူက ကြိုတင် Booking တင်ရမည်ဖြစ်ကာ ခရီးစဉ်တစ်ခုအတွက် စီးနင်းခကို ယာဉ်မောင်း၏ဖုန်း App မှ အလိုအလျောက်တွက်ချက်ပေးပြီး ခရီးစဉ်ပြီးဆုံးမှ စလစ်(ဘောင်ချာ)ထုတ် ပေးသည့်စနစ်ဖြစ်ကြောင်း သိရသည်။
    ကောက်ခံသည့် ဈေးနှုန်းမှာ မြို့တွင်း(Tariff)အတွက် Initial Charge ၁၅၀၀ ကျပ် + 1Km ၇၀၀ ကျပ်+ Service charge  ၄၀၀ ကျပ်ဟူ၍ သတ်မှတ်ထားပြီး မြို့ပြင် (Tariff)အတွက် Initial Charge  ၁၅၀၀ ကျပ် +1Km ၈၅၀ ကျပ် + Service Charge ၄၀၀ ကျပ်ဟူ၍ သတ်မှတ်ထားကြောင်း Kilo Taxi Group မှ သိရသည်။

Total Views ~ 224

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43800

© 2022 - 2025 News. All Rights Reserved.