Breaking

ရန်ကုန်မြို့နေ လူဦးရေ ခုနစ်သန်းကျော် နေ့စဉ် အသားစားသုံးမှု လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ရန် နစက ဥက္ကဋ္ဌ မှာကြား

ရန်ကုန်၊ ဇွန် ၂၆
    ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သော လူဦးရေခုနစ်သန်းကျော်၏ နေ့စဉ်အသားစားသုံးမှု လိုအပ်ချက်ကို စနစ်တကျဖြင့် တွက်ချက်ထားရှိရန်လိုပြီး ဇုန်အလိုက် လိုလားချက်ပြည့်မီအောင် စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနိုင်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
    ဇွန် ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးကွက်အတွင်းသို့ လတ်ဆတ်စွာဖြင့် ရောင်းချပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်နေရခြင်းမှာ တိုင်းဒေသကြီးအတွင်းရှိ လူဦး ရေခုနစ်သန်းကျော်အတွက် နေ့စဉ် အသား၊ ငါး၊ ဥ အမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်စားသုံးမှု လိုအပ်ချက်ကို ပြည့်မီစေရန်ဖြစ်ကြောင်း ပြော ကြားသည်
    ထို့အပြင် ဒေသတွင်း၌ အခြေခံစားကုန်များကို ဖူလုံပေါများစွာဖြင့် စိုက်ပျိုး မွေးမြူထုတ်လုပ်ပေး နိုင်မည်ဆိုပါက ကုန်ဈေးနှုန်း ကြီးမြင့်မှုများကိုလည်း လျော့ကျသွားစေမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်စားသုံးမှုအတွက် အသား၊ ငါးနှင့် ဥများလိုအပ်ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတမှသာ သင့်တင့်သည့် ဈေးနှုန်းများဖြစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသား၊ ငါးနှင့်ဥများကို ထုတ်လုပ်မှုနှင့် စားသုံးမှုမျှတအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ဆက်လက်၍ မီးဖိုချောင်သုံးသီးနှံများကိုလည်း လုံလောက်စွာ စိုက်ပျိုးထုတ် လုပ်သွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစား သုံးနိုင်ရေး မွေးမြူရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ ဥ နှင့် ဟင်းသီး ဟင်းရွက်များကို စားသုံးသူများ လက်ဝယ်သို့ အမြန်ဆုံး ရောက်ရှိစေရေး ဈေးကွက်အတွင်းသို့ အလျင် အမြန် ဖြန့်ဖြူးရောင်းချပေးရန်လိုကြောင်း ပြောကြားခဲ့သည်။ ထူးမြတ်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45809

© 2022 - 2025 News. All Rights Reserved.