ရန်ကုန်၊ စက်တင်ဘာ ၉
ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက် ပန်းလှိုင်ဘူတာမှ ကြို့ကုန်းဘူတာအထိ အုတ်ခြံစည်း ရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။
ပန်းလှိုင်ဘူတာနှင့် ကြည့်မြင်တိုင်ဘူတာကြားတွင် အုတ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်း(၁၀၄၅-ပေ)၊ ကြည့်မြင်တိုင်ဘူတာနှင့် ဟံသာဝတီဘူတာကြားတွင် အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (ပေ ၈၅၀) ဟံသာဝတီ-လှည်းတန်း-ကမာရွတ်ဘူတာကြားတွင် အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (ပေ ၆၅၀)ကမာ ရွတ်ဘူတာနှင့် သီရိမြိုင်ဘူတာကြားတွင် အုတ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်း(ပေ ၁၀၅၀) သီရိမြိုင်ဘူတာနှင့် အုတ်ကျင်းဘူတာကြားတွင် အုတ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း(ပေ ၈၅၀)သမိုင်း-သမိုင်း မြို့သစ်-ကြို့ကုန်းဘူတာကြားတွင် အုတ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း (ပေ ၈၅၀)များ ဆောင်ရွက်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အုတ်ခြံစည်း ရိုးကာရံခြင်း လုပ်ငန်းများအတွက် လုပ်ငန်း အပိုင်း ခြောက်ခုခွဲကာ မြန်မာ့မီးရထားမှ အိတ်ဖွင့်တင်ဒါခေါ်ယူထားသည်။ တင်ဒါပုံစံများကို စက်တင်ဘာ ၉ ရက်မှ စတင်ကာ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ရောင်းချပေးနေပြီး တင်ဒါပိတ်မည့်ကာလမှာ စက်တင်ဘာ ၂၃ ရက်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ နဒီ