ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ဟံသာဝတီဘူတာအသစ် တည်ဆောက်ရန် တင်ဒါခေါ်ယူ

ရန်ကုန်၊ စက်တင်ဘာ ၂၅
    ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ဟံသာဝတီဘူတာအသစ် တည်ဆောက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူထားသည်။
    ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း ဟံသာဝတီ ဘူတာအသစ် တည်ဆောက်ခြင်းလုပ်ငန်းကို  မြန်မာကျပ်ငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး တင်ဒါပုံစံများကိုလည်း စက်တင်ဘာ ၂၃ ရက်မှ စတင်ကာ ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ဌာနတွင် ရောင်းချပေးလျက်ရှိရာ တင်ဒါပိတ်မည့်နေ့ရက်ကို အောက်တိုဘာ ၁၀ ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
    ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းကလည်း  မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင်ပါဝင်သည့် လုပ်ငန်းများဖြစ်သည့် အောင်ဆန်း၊ ကမာရွတ်၊ အုတ်ကျင်း၊ ဖော့ကန်၊ သမိုင်းနှင့် တာမွေဘူတာအသစ်တည် ဆောက်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည်။
    ထို့အပြင် ရန်ကုန်မြို့ပတ်ရထားလမ်းတစ်လျှောက်ရှိ ပန်းလှိုင်ဘူတာနှင့် ကြည့်မြင်တိုင်ဘူတာကြားတွင် အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း(၁၀၄၅ ပေ)၊ ကြည့်မြင်တိုင်ဘူတာနှင့် ဟံသာဝတီဘူတာကြားတွင် အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (ပေ၈၅၀) ဟံသာဝတီ-လှည်းတန်း-ကမာရွတ်ဘူတာ ကြားတွင် အုတ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်း(ပေ ၆၅၀) ကမာရွတ်ဘူတာနှင့် သီရိမြိုင်ဘူတာကြားတွင် အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (ပေ ၁၀၅၀) သီရိမြိုင်ဘူတာနှင့် အုတ်ကျင်းဘူတာကြားတွင် အုတ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း (ပေ၈၅၀)သမိုင်း-သမိုင်း မြို့သစ်-ကြို့ကုန်းဘူတာကြားတွင် အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (ပေ၈၅၀)များ ဆောင်ရွက်ရန်အတွက် စက်တင်ဘာ ၉ ရက်မှစတင်ကာ အိတ်ဖွင့် တင်ဒါခေါ်ယူခဲ့သည်။ နဒီ

Total Views ~ 174

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43777

© 2022 - 2025 News. All Rights Reserved.