Breaking

ရန်ကုန်မြို့ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းများ ငှားရမ်းနေထိုင်ခွင့် စတင် လျှောက်ထားနိုင်ပြီ

၂၀၂၄၊ မတ် ၂၈
    ရန်ကုန်မြို့ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ တတိယအဆင့် အိမ်ခန်းများ ငှားရမ်း နေထိုင်ခွင့်အတွက် စတင်လျှောက် ထားနိုင်ပြီဖြစ်ကြောင်း အိမ်ခန်းနေရာအငှား ချထားရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီမှ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးကြေညာခဲ့သည်။
    သုခဒဂုံ ပြည်သူ့အငှားအိမ်ရာကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီး ယင်း ပြည်သူ့ အငှားအိမ်ရာရှိ အိမ်ခန်းများအား ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ပြီး နေရေး အခက်အ ခဲရှိသော ပြည်သူများ၊ အငြိမ်းစား ဝန်ထမ်းများနှင့် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအားသတ်မှတ် ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
    ထပ်မံပြီးစီးမည့် တိုက်ခန်းများအတွက် တိုက်ခန်းငှားရမ်းခွင့် လျှောက်လွှာများ ကြိုတင်ရောင်းချ သွားမည်ဖြစ်ပြီး စုစုပေါင်းအခန်း ၄၀၀ ကျော်ကို မေလခန့်တွင် ငှားရမ်းနေထိုင်ခွင့် ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားရန် လျာထားကြောင်း၊ နေရေးအခက်အခဲရှိသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများတွင် လျှောက်လွှာများ ဝယ်ယူလျှောက်ထား တင်ပြနိုင်ပါကြောင်း အသိပေးထားသည်။
    အိမ်ခန်းငှားရမ်းခွင့် လျှောက်ထားလိုသူများအား  လျှောက်လွှာများကို မတ်လ ၂၅ ရက်မှ စတင်ရောင်းချပေးကာ မတ်လ ၃၀ ရက် နောက်ဆုံးပြန်လည် တင်သွင်းရန် အသိပေးကြေညာထားပြီး ပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများ အနေဖြင့် အိမ်ခန်း လျှောက်လွှာများကို မိမိတို့နေထိုင်ရာ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် ဝယ်ယူပြီး သတ်မှတ်ပုံစံများအတိုင်း ဖြည့်စွက်၍ မိမိတို့ဝယ်ယူခဲ့သည့် နေရာများတွင် လျှောက်လွှာများ ပြန်လည်တင်သွင်းရန်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ ဌာနအကြီးအကဲမှ နေရေးအခက်အခဲရှိကြောင်း ထောက်ခံချက်များနှင့်အတူဌာန အလိုက်စုစည်း၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် လျှောက်လွှာများဝယ်ယူ၍ ပြန်လည်တင်သွင်းရန် အသိပေးထားသည်။

Total Views ~ 232

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43948

© 2022 - 2025 News. All Rights Reserved.