Breaking

ရန်ကုန်မြို့ရှိ သုခဒဂုံအငှားအိမ်ရာတွင်  ငှားရမ်းခွင့်ရရှိသူများအား နေထိုင်ခွင့်ပြုမည့် အစီအစဉ်စတင်

၂၀၂၃ နိုဝင်ဘာ ၂၀
    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ သစ်(တောင်ပိုင်း)၊ ရွာသာကြီး စီးပွားရေး တက္ကသိုလ်အကျော် အမှတ်(၂) အဝေးပြေး လမ်းဘေးတွင် တည်ဆောက်ထားသော တန်းဖိုးသင့် အငှားအိမ်ရာ သုခဒဂုံ အငှား အိမ်ရာမှာ ငှားရမ်းခွင့် ရရှိသူများအား အခန်းမဲနှိုက်ပေးကာ နေထိုင်ခွင့်ပြုသွားမည့် အစီအစဉ် စတင်နေပြီဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ သိရ သည်။
    သုခဒဂုံအငှားအိမ်ရာမှာ ငှားရမ်း ခွင့်ရရှိသူများအနက် ပထမအုပ်စုကို  နိုဝင်ဘာ ၁၃ ရက်တွင် စတင်မဲနှိုက်ခဲ့ပြီး အဆိုပါ မဲနှိုက်ခဲ့သူများ အားလုံးသည် လာမည့်  ဒီဇင်ဘာလ ၁ ရက်တွင် နေခွင့်ရရှိမည် ဖြစ်ကြောင်း အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန် ကုန်)မှ တာဝန်ရှိသူက ပြောသည်။
    "ပထမအဆင့် မဲနှိုက်တုန်းက ၁၀၀၀ ကျော်ပါ။ ၁၀၀၀ ကျော်ကို လာမယ့် ဒီဇင်ဘာ ၁ ရက်မှာ နေထိုင်ခွင့်ပြုသွား မှာပါ။ ဒုတိယအသုတ်ကတော့ နေလို့မရ သေးဘူး။ ဒုတိယအသုတ်က အရေအတွက် ၈၀၀ မဲနှိုက်ပြီးပြီ၊ ဒါပေမဲ့ သူတို့က နေလို့ မရသေးဘူး။ အဆောက်အအုံတွေက ကျန် နေသေးတော့ ပြီးတဲ့အချိန်မှ ပြောလို့ရမယ်။ အခုက ကြိုတင်ပြီးတော့ မဲနှိုက်ထားတာ"ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
    သုခဒဂုံအငှားအိမ်ရာတွင်  ငှား ရမ်းခွင့်ရရှိသူများ နေရာချထားပေးရန် အခန်းပေါင်း ၃၀၀၀ ကျော်ရှိနေကြောင်း သိ ရပြီး ထပ်မံ၍ အခန်းမဲနှိုက်ပေးမှု အစီအစဉ်၊ နေထိုင်ခွင့်ပြုမည့် အစီအစဉ်များနှင့် ပတ် သက်၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်)မှ ကြိုတင်အသိပေးကြေညာသွား မည်ဖြစ်ကြောင်း သိရသည်။
    သုခဒဂုံအိမ်ရာသည် ဒဂုံမြို့သစ် (တောင်ပိုင်း) ရွာသာကြီးစီးပွားရေးတက္ကသိုလ်အကျော် အမှတ်(၂) အဝေးပြေးလမ်းဘေး တွင် တည်ဆောက်ထားသော တန်းဖိုးသင့် အငှားအိမ်ရာ ဖြစ်သည်။
    သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ လျှောက်ထားလိုသူများသည် အသက်(၁၈) နှစ်ပြည့်ပြီးသူ၊ မိသားစုဝင်ငွေနည်းပါး၍ နေ ရေးအခက်အခဲရှိသူ၊ နိုင်ငံတော်မှ သတ်မှတ် ထားသော ဥပဒေဘောင်အတွင်း နေထိုင်ပြီး ပြစ်မှုကင်းရှင်းသူ၊ ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်း အိမ်ငှားနေထိုင် သူ (သို့မဟုတ်) အလုပ်လုပ်ကိုင်နေသူများ ဖြစ်ရမည်ဖြစ်ပြီး အိမ်၊ မြေပိုင်ဆိုင်ထားသူ မဖြစ်စေရဟု သတ်မှတ်ထားသည်။ ထို့ပြင် အိမ်ငှားရမ်းခြင်းသက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး ငါးနှစ်နေထိုင်ပြီးပါက အိမ်ခန်းကို ပြန်လည် အပ်နှံရမည်ကို သိရှိလိုက်နာသူ၊ ငှားရမ်းမည့် အိမ်ခန်းအကျယ်အဝန်းမှာ ၅၈၈ စတုရန်း ပေဖြစ်ပြီး အိမ်လခကို လစဉ်မပျက်မကွက် ပေးသွင်းနိုင်သူဖြစ်ရမည်ဟု သတ်မှတ်ထား သည်။
    သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အခန်းများ၏ ကနဦးကြေညာချက်များအရ တစ်လငှားရမ်းခနှုန်းထားများသည် ပထမ ထပ်အတွက် ကျပ် ၆၇ç၀၀၀၊ ဒုတိယထပ် အတွက် ကျပ် ၆၀ç၀၀၀ ၊ တတိယထပ်အတွက် ကျပ် ၅၅ç၀၀၀နှင့် စတုတ္ထထပ်အတွက် ကျပ် ၄၆ç၀၀၀ တို့ဖြစ်ပြီး လျှောက်ထားသူသည် ငှားရမ်းခွင့်ရရှိပါက သုံးလ ငှားရမ်းခနှင့်ညီမျှ သော ငှားရမ်းခ အာမခံငွေကို ကြိုတင်ပေး သွင်းနိုင်သူဖြစ်ရမည် အသိပေးကြေညာထား သည်။

Total Views ~ 179

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43904

© 2022 - 2025 News. All Rights Reserved.