ရန်ကုန်၊ စက်တင်ဘာ ၁၇
၂၀၂၄-၂၅ ဘောလုံးရာသီအတွင်း ပြည်တွင်းလိဂ် ကလပ်အသင်းတစ်သင်းဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်းအတွက် Sportswear Sponsor ပေးအပ်ထားသည့် Glory Sport က အသင်းပရိသတ်များထံ ရန်ကုန်ယူနိုက်တက်ဂျာစီ ရောင်းချပေးခဲ့ပြီး ရောင်းရငွေ ကျပ်သိန်းပေါင်း ၆၀ ကျော်ကို ပေးအပ်လှူတန်းခဲ့ကြောင်း သိရသည်။

Glory Sport အနေဖြင့် ရန်ကုန် ယူနိုက်တက်ပရိသတ်များ၏ ပေါင်းစည်းမှု အလှူဒါနအဖြစ် ငွေကျပ် ၆ç၀၂၆ç၀၀၀ ကို ရေဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း Glory Sport ဦး ဆောင်သူ ကိုပြည့်ဖြိုးက ပြောသည်။

"မမျှော်လင့်ဘဲ ယခုလိုအတိုင်း အတာတစ်ခုထိ လှူဒါန်းငွေများ ရရှိခဲ့တဲ့အတွက် Glory Sport မိသားစုအနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို စတင်မရောင်းချ ခင်ကတည်းက စိတ်ရှည်ရှည်နဲ့သည်း ခံစောင့် ဆိုင်းပေးခဲ့ကြတဲ့အပြင် စည်းကမ်းရှိရှိတန်းစီ ဝယ်ယူအားပေးခဲ့ကြတဲ့ ရန်ကုန်ယူနိုက်တက် ဖန်များ အားလုံးကိုလည်း အထူးတလည် ကျေးဇူးတင်ရှိပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းကို ၂၀၂၄-၂၅ ဘောလုံးရာသီတစ်နှစ်စာသာ Sportswear Sponsor ပေးအပ်ခွင့် ရရှိခဲ့တဲ့အတွက် Sponsor သက်တမ်းကျော် လွန်သွားခဲ့ရင်တောင် ဒီလိုအမှတ်တရမျိုးဟာ အမြဲဂုဏ်ယူဝမ်းမြောက်ဖွယ်ရာပါ"ဟု ကိုပြည့်ဖြိုးက ပြောသည်။

အဆိုပါ Buy & Donate ရန်ပုံငွေ ဈေးရောင်းပွဲမှ ရန်ကုန်ယူနိုက်တက်ဂျာစီများ ရောင်းရငွေအားလုံး စုစုပေါင်း ၆၀၂၆၀၀၀ ကျပ်ကို ရေဘေးကယ်ဆယ်ရေးများလုပ် ဆောင်နေသည့် ရောင်စဉ်မဲ့ ပရဟိတအဖွဲ့အား ပေးအပ်ခဲ့ပြီး အကူအညီလိုအပ်နေသည့် ရေဘေးသင့်ပြည်သူများ၊ ကယ်ဆည်ရေးလုပ် ငန်းဆောင်တာများ ကြိုးစားလုပ်ဆောင်ပေးနေသည့် ပရဟိတညီအစ်ကိုမောင်နှမများ အားလုံးလည်း အန္တရာယ်ကင်းဘေးရန်ရှင်း ကြစေရန် Glory Sport မှ ထုတ်ပြန်ထားသည်။ ထူးမြတ်