Breaking

ရန်ကုန်သင်္ကြန်စည်ကားရေး ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ ပြုလုပ်သွားမည်

၂၀၂၄ ၊ မတ် ၁၂

            ရန်ကုန်သင်္ကြန်ပွဲတော် ကျင်းပရန်အတွက် စတင်စီစဉ်နေပြီး သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အလိုက် ရေကစား မဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီမှ သိရသည်။

            ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ် ကျေးမှု မဟာသင်္ကြန်ပွဲတော်စည်ကား သိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၈ ရက်က ပြုလုပ်ခဲ့ပြီး "ယခုနှစ်တွင် မဟာသင်္ကြန်ရေ သဘင်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်အေး ချမ်းလုံခြုံစွာ ရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စေရေးအတွက် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်၏ဂုဏ်ကို ဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ထားရှိပြီး စည်စည်ကားကား ပြုလုပ်သွားမည်ဖြစ် ကြောင်း၊ ထို့အပြင် ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

            လက်ရှိတွင် အခမ်းအနားပြင်ဆင်ရေးနှင့် ဖွင့်ပွဲ၊ ပိတ်ပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ၊ ဖိတ်ကြားရေးနှင့် ဖျော်ဖြေတင်ဆက်ရေးလုပ်ငန်းကော်မတီ၊ ရေကစားမှု စီစဉ်ရေး လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းကော်မတီ၊ လမ်းရှင်းလင်းရေးနှင့် ယာဉ်ကြောထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေး၊ ဆုချီး မြှင့်ရေးနှင့် ဆုရသူများ စုစည်းရေးလုပ်ငန်း ကော်မတီ၊ အကဲဖြတ်လုပ်ငန်း ကော်မတီ၊ ကျန်းမာရေး လုပ်ငန်း ကော်မတီ၊ သန့်ရှင်း ရေးလုပ်ငန်းကော်မတီ၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီနှင့် မဟာသင်္ကြန် ကျင်းပရေး ကော်မတီရုံးအဖွဲ့တို့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းသိရပြီး မြန်မာ့ရိုးရာယဉ် ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီနှင့်လုပ်ငန်း ကော်မတီအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ရန်ကုန်မြို့တော်ဝန်က ယင်းအစည်းအဝေးတွင် မှာကြားခဲ့သည်။

            ယခုနှစ် ကျင်းပမည့် ရန်ကုန်မြို့ တော် မဟာသင်္ကြန် ရေသဘင်ပွဲတော်တွင် မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဂီတဖျော် ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများဖြင့် ပြည်သူများကို တင်ဆက်သွားမည့်အပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

Total Views ~ 230

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43961

© 2022 - 2025 News. All Rights Reserved.