၂၀၂၃ အောက်တိုဘာ ၂၄
၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၃ ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Grab EV Taxi ဝန်ဆောင်မှုပေး စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထုတ်ပြန် ကြေညာခဲ့သည်။
စမ်းသပ်ပြေးဆွဲကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal (1) နှင့် Terminal (3)ရှိ Grab Taxi ဝန်ဆောင်မှုကောင်တာများမှတစ်ဆင့် Booking ပြုလုပ် စီးနင်းနိုင်မည်ဖြစ်ကာ Grab Taxi ဝန်ဆောင်မှုကို နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ ဝန်ဆောင်မှုပေးသွားမည်ဖြစ် ကြောင်းသိရသည်။
Grab မှ GrabTaxi EV ဝန်ဆောင်မှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြန်ခရီးအတွက် NS International Co., Ltd နှင့်ပူးပေါင်း၍ MG5 EV Luxury ကားများဖြင့် ယနေ့မှစတင်၍ စမ်းသပ်ကာလအဖြစ် စတင်ဝန်ဆောင်မှုပေးနေကြောင်း Grab မှလည်း အသိပေးကြေညာထားသည်။
ခရီးသည်များ စီးနင်းလိုက်ပါမှုအတွက် ဘေးကင်းရုံသာမက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရာ တွင်လည်း အထောက်အကူဖြစ်စေသည့် Grab EV Taxi ဝန်ဆောင်မှုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်၏ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကတိကဝတ် စံနှုန်းများနှင့်လည်း ကိုက်ညီမှု ရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။