ရန်ကုန်-မန္တလေးအမြန်ရထား စားသောက်တွဲဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များအား ဖိတ်ခေါ်

၂၀၂၃ စက်တင်ဘာ ၂၀
    မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိနေသည့် အမှတ် (၃) အဆန်နှင့် အမှတ်(၄)အစုန် အမြန်ရထားနှစ်စင်းတွင် စားသောက်တွဲ ဝန်ဆောင်မှုလုပ်ငန်းများလုပ် ကိုင်ရန်အတွက် စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ  သိရသည်။
    အဆိုပါ လုပ်ငန်းအတွက် ဈေးပြိုင်လေလံစနစ်ဖြင့် Open Tender ကို စက်တင်ဘာ ၂၇ ရက်၊ မွန်းလွဲ ၁ နာရီတွင် မြန်မာ့မီးရထားရုံးချုပ်၊ နေပြည်တော်ဘူတာ ပထမထပ်ရှိ စီးပွားရေးဌာန အစည်းအဝေး ခန်းမ၌ ခေါ်ယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ အဆိုပါ စားသောက်တွဲ ဝန်ဆောင် မှုလုပ်ငန်းများကို အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ သက်တမ်းတစ်နှစ်အကြာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
    စိတ်ပါဝင်စားသည့် လုပ်ငန်းရှင် များအနေဖြင့် မန်နေဂျာ(စီးပွားရေး/တိုင်း)၊ တိုင်းအမှတ်(၃) မန္တလေးနှင့် တိုင်းအမှတ်(၇) ရန်ကုန်ရုံးတို့တွင် တင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာပုံစံများကို တစ်စုံလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် စက်တင်ဘာ ၂၆ ရက်အထိ ရုံးချိန်အတွင်းပိတ်ရက်မပါ ဝယ် ယူနိုင်ကြောင်း သိရသည်။
    လက်ရှိမြန်မာ့ မီးရထားအနေဖြင့်  မီးရထားလမ်းပိုင်းတွေ အဆင့်မြှင့်တင်ခြင်း နှင့်အတူ ရန်ကုန်-မန္တလေးလမ်းပိုင်းအတွက် အမြန်ရထားနှစ်စင်း၊ စာပို့ရထားနှစ်စင်း၊ နေပြည်တော်-ရန်ကုန်လမ်းပိုင်းနှင့် မော်လ မြိုင်-ရန်ကုန်လမ်းပိုင်းတို့အတွက် လူစီးကုန်တင်ရထား နှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း နှင့် သာစည်-ရွှေညောင်လမ်းပိုင်းတို့အတွက် စာပို့ရထား နှစ်စင်း၊ ရန်ကုန်-ပဲခူးလမ်းပိုင်း၊ သာစည်-မြင်းခြံ လမ်းပိုင်း၊ ပုဂံ-မန္တလေးလမ်း ပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ မော်လမြိုင်-ရေးလမ်းပိုင်းနဲ့ ပုသိမ်-ကြံခင်း လမ်းပိုင်းတို့အတွက် လူစီးကုန်တင်ရထားနှစ် စင်းဆီ၊ အင်းစိန်-ဥက္ကံလမ်းပိုင်းနှင့် ပခုက္ကူ-ကျွန်းချောင်းလမ်းပိုင်းတို့အတွက် RBE ရထား ၂၂ စင်းတို့ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Total Views ~ 166

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43807

© 2022 - 2025 News. All Rights Reserved.