၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၇
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ထိန်းသိမ်းပြုပြင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း (မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ပြောင်းလဲဆောင်ရွက်မည့် လုပ်ငန်းအတွက် လိုအပ်သောလမ်းခင်း ပစ္စည်း (ကတ္တရာ)အား မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။
လိုအပ်သည့် လမ်းခင်းပစ္စည်း အသေးစိတ်စာရင်းနှင့် "တင်ဒါစည်းကမ်းသတ် မှတ်ချက်များကို အမြန်လမ်းမကြီးထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ ညွှန်ကြား ရေးမှူး(မြို့ပြ)ရုံး၊ နေပြည် တော်(စီလမ်းဆုံ)တွင် ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်မည်ဖြစ်ပြီး လျှောက်လွှာများကိုလည်း ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်ကာ မတ်လ ၅ ရက်အထိ ရောင်းချပေးမည်ဖြစ်ကြောင်း၊ တင်ဒါဖွင့်မည့်ရက်ကို မတ်လ ၆ ရက်အဖြစ် သတ်မှတ်ထားကြောင်း တင်ဒါစိစစ်ရေးကော်မတီမှ အသိပေးကြေညာထားသည်။