၂၀၂၃ မေ ၃
တရုတ်နိုင်ငံသား ဒင်လီရန်ဟာ ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့မှာ ပြုလုပ်ခဲ့တဲ့ ၁၇ ကြိမ်မြောက် ကမ္ဘာ့စစ်တုရင် ချန်ပီယံရှစ်ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့ချန်ပီယံသစ်ဖြစ်လာခဲ့ပါတယ်။ အသက် ၃၀ အရွယ် ဒင်လီရန်ဟာ ရုရှားနွယ်ဖွား နီပွန်နီယာချက်ချီကို အနိုင်ယူခဲ့ပြီးနောက် ကမ္ဘာ့ချန်ပီယံဖြစ်ဖို့ သေချာခဲ့တာ ဖြစ်ပါတယ်။

ဒင်လီရန်နဲ့ နီပွန်နီယာချက်ချီတို့ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး တစ်ဖက်ကို ၇ ပွဲစီအနိုင်ရထားလို့ အဆုံးအဖြတ်ပွဲကို ယှဉ်ပြိုင်ခဲ့ရာမှာ နီပွန်နီယာချက်ချီက ရွှေ့ကွက်အမှားနဲ့အတူ အရှုံးပေးသွားခဲ့ရတာ ဖြစ်ပါတယ်။ နီပွန်နီယာချက်ချီ အရှုံးပေးသွားချိန်က သူ့ဘဝမှာ အကောင်းဆုံး အခိုက်အတန့်ဖြစ်ခဲ့တယ်လို့ ဒင်လီရန်က ပြောပါတယ်။

အခုလို ဒင်လီရန် ကမ္ဘာ့ချန်ပီယံဖြစ်လာတဲ့အတွက် အမျိုးသားနဲ့ အမျိုးသမီး စစ်တုရင် ကမ္ဘာ့ချန်ပီယံ နှစ်ယောက်စလုံးက တရုတ်နိုင်ငံသားတွေဖြစ်ကြတဲ့ မှတ်တမ်းကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်။ တရုတ်စစ်တုရင် အားကစားမယ် ဂျူဝမ်ဂျင်းဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကမှ သူမရဲ့ ကမ္ဘာ့ချန်ပီယံဆုကို ကာကွယ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
