၂၀၂၃ အောက်တိုဘာ ၃၀
နှစ်ပေါင်း (၇၅)နှစ်ကြာ နှစ်နိုင်ငံဆက်ဆံရေး စိန်ရတုသို့ တိုင်ခဲ့ပြီးသည့်နောက် ယခင်ကဏ္ဍများစွာ ပူးပေါင်းဆောင် ရွက်သကဲ့သို လက်ရှိတွင်လည်း ရုရှားနှင့် မြန်မာနိုင်ငံသည် စစ်ဘက်-နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
အောက်တိုဘာ ၂၆ ရက်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး ံH.E. Mr. Iskander Azizov တို့ နေပြည်တော်၌ အထက်ပါ အကြောင်းအရာများအပေါ် နှစ်ဖက်ဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးစဉ်အတွင်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်-နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုး မြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအ နေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖ လှယ်ဆွေးနွေး ခဲ့ကြကြောင်း ဆိုသည်။
ရုရှား-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးသည် မြန်မာနိုင်ငံလွပ်လပ်ရေးရပြီး တစ်လအကြာ(ယခင် ဆိုဗီယက်ပြည်ထောင်စု) ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက (၇၅)နှစ်ပြည့်မြောက်ခဲ့၍ စိန်ရတုသို့ တိုင်ခဲ့ပြီဖြစ်သည်။
မျက်မှောက်ကာလတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ ကဏ္ဍများစွာတွင် တိုးတက်လာလျက်ရှိပြီး ယခင်ကဲ့သိ့ု စစ်ဘက်-နည်းပညာ၊ ကာကွယ်ရေး ဆိုင်ရာများအပြင် လျှပ်စစ်နှင့်စွမ်းအင်၊ အာကာသနှင့် နျူကလီးယားစွမ်းအင်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ခေတ် မီသယံဇာတရှာဖွေရေးလုပ်ငန်းများ၊ သဘာ၀ ဘေးအန္တရာယ်နှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးကဏ္ဍများ၊ ပညာရေး၊ ခရီးသွားကဏ္ဍနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ စသည်ဖြင့် ကဏ္ဍပေါင်းစုံ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ၂၀၂၃ ဖေဖော်ဝါရီ ၆ ရက်တွင် ရန်ကုန်မြို့၌ ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက် သည့် နျူကလီးယားနည်းပညာ သတင်းအ ချက် အလက်စင်တာ (Nuclear Technology Information Center) ကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာတွင်လည်း ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံသည် မြန်မာနိုင်ငံအတွင်း ခေတ်မီရေနံချက်စက်ရုံ တည်ဆောက်ရေး၊ ရေနံတင်သင်္ဘောကြီးများဆိုက် ကပ်နိုင်ရန် ရေနက်ဆိပ်ကမ်းဖော်ဆောင်ရေး စသည်များနှင့် စပ်လျဉ်း၍လည်းအကျယ်တဝင့် ဆွေးနွေးခဲ့ကြေ ကြာင်း သိရသည်။