၂၀၂၃၊ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ် အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော ပူးပေါင်းလုံခြုံရေးအဖွဲများသည် ဇန်နဝါရီလ ၁ ရက် ညနေ ၄နာရီခန့်တွင် တောင်ဦးကျေးရွာအနီး၌ PDF အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်သောင်းကျန်းသူများ ထွက်ပြေးသွားခဲ့ပြီး ၎င်းတိုထွက်ပြေးရာ လမ်းကြောင်းတစ်လျှောက်အား ပူးပေါင်းလုံခြုံရေးအဖွဲများမှ အသေးစိတ်နယ်မြေ ရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ ၎င်းတိုထံမှ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်ဗုံးသီး ၁၄ လုံး၊ ၅.၅၆ မမကျည် ၂၀ တောင့်၊ AK ကျည် ၄၈ တောင့်၊ လက်လုပ်ကျည် ၇၅ တောင့်၊ လက်လုပ် ၄၀ မမဗုံးသီး ၄ လုံး၊ လက်လုပ်မိုင်း ၇ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ် ၁ ခု၊ ယမ်းမှုန့် ၂ ပိဿာ၊ ဆိုလာ ၅ ချပ်၊ ဆေးမျိုးစုံ ၁ အိတ်၊ ဆိုင်ကယ်ဘက်ထရီ ၆ လုံး၊ အင်ဗာတာ ၁ လုံး၊ ဒီတိုနေတာ ၂ ချောင်း၊ ဝါယာကြိုး ၁ ခွေ၊ ကား ၃ စီး၊ ဆိုင်ကယ် ၄ စီး၊ လူနေတဲ ၄ လုံးတိုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။