၂၀၂၃ စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာ၊ ရွာဦးကျောင်းရှိ ရှေးဟောင်းဆင်း တုတော်များနှင့် ပုရပိုက်များအား ပခန်းကြီးကျေးရွာ ရှေးဟောင်းယဉ် ကျေးမှုပြတိုက်၌ ခေတ္တထိန်းသိမ်း ထားနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
ကိုင်းမကြီးကျေးရွာ၊ ရွာဦးကျောင်းနှင့်စပ်လျဉ်း၍ လွန်ခဲ့သော ၁၀ နှစ်ခန့်က ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကိုင်းမကြီးရွာ၊ ရွာဦးကျောင်းရှိ ရှေးဟောင်းဆင်းတုတော်များနှင့် ပုရပိုက်များအား ပခန်းကြီးရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ ပြတိုက်တွင်ပြသရန် လာရောက်တောင်း ခံခဲ့သော်လည်း ဆရာတော် ဦးကုမာရနှင့် ကျေးရွာသားများက လက်မခံ သဖြင့် အဆိုပါရှေးဟောင်း ဆင်းတုတော်များနှင့် ပုရပိုက်များမှာ ကိုင်းမကြီးရွာ ရွာဦးကျောင်းတွင် ယခုအချိန်အထိ ရှိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုင်းမကြီးကျေးရွာနေ ရွာဦးဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော် ဦးကုမာရ(၇၃)နှစ်၊ ဝါတော် (၅၃)ဝါသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲခန့်က ပခုက္ကူခရိုင် ရေစ ကြိုမြို့နယ် ကိုင်းမကြီးကျေးရွာနေ ရွာဦး ဘုန်းတော်ကြီးကျောင်းသို့ ထန်းပင်ချောင်း ကျေးရွာအခြေပြု အကြမ်းဖက်အုပ်စု PDF များက ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်သွား ခဲ့သည်။
အသတ်ခံရသည့် ကိုင်းမကြီးရွာ ရွာဦးကျောင်းဆရာတော် ဦးကုမာရသည် ယခင် ရေစကြိုမြို့ နယ် သံဃနာယကအဖွဲ့ ဝင်၊ ယခုရပ်/ကျေးအုပ်စုသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဖြစ်ကြောင်း သိရပြီး ရေစကြိုမြို့နယ် ကိုင်းမကြီးရွာသည် ပခန်းကြီးရွာမှ နှစ်မိုင်ခန့် သာကွာဝေးပြီး ပခန်းကြီး ရှေးဟောင်း ယဉ် ကျေးမှုနယ်မြေအတွင်းပါဝင်ကြောင်း၊ လတ်တလော နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ပခန်းကြီးကျေးရွာ ရှေးဟောင်းယဉ်ကျေး မှုပြတိုက်၌ ခေတ္တထိန်းသိမ်းထားနိုင်ရန်အတွက် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ နမှ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။