၂၀၂၃ ၊ ဧပြီ ၂၅
ယမန်နေ့(ဧပြီ ၂၄)နံနက် ၅နာရီအချိန်က ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဖူလုံကျေးရွာ ခလရ(၂၅၇) မှ လုံခြုံရေးပူးပေါင်း အဖွဲ့ သည် ရေစကြိုမြို့နယ်အတွင်း အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်စဉ် မမစ(ရေစကြို)၏ အနောက် တောင်ဘက် ၈ မိုင်ခန့်အကွာ မြေခဲတောင်ကျေးရွာသို့အရောက်၌ အကြမ်းဖက် အုပ်စု PDF အဖွဲ့ စခန်းချနေထိုင်ခဲ့သည့် မြေခဲတောင်ကျေးလက်ဆေးပေးခန်းအတွင်းမှ လက်လုပ် မိုင်း ၁၄ လုံး၊ မီးသတ်ဆေးဗူးခွံ ၁ ခု၊ ဆိုလာပြား ၁ ချပ်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ပြောက်ကျား ယူနီဖောင်း ၁ စုံ၊ ပြောက်ကျားဦးထုပ် ၃ လုံး၊ တောစီးဖိနပ် ၄ ရံ၊ ထိပ်တုံး ၁ ခုတိုအား တွေ့ရှိသဖြင့်လက်လုပ်မိုင်းများအား သက်မဲ့ပြုလုပ်ဖျက်ဆီးကာ အခြားဆက်စပ် ပစ္စည်းများအား မီးရှိ့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုနောက် လုံခြုံရေးပူးပေါင်း အဖွဲ့သည် ကျေးလက်ဆေးပေးခန်းမှ ဆက်လက်ထွက်ခွာရာ ဂွေးပင်ကျေးရွာနှင့် ကျောက္ကာကျေးရွာကြား အရောက်တွင် အကြမ်းဖက် အုပ်စု PDF အဖွဲ အင်အား ၂၀ ခန့်က ချောင်းမြောင်းပစ်ခတ်သဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ က ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အုပ်စု PDF အဖွဲသည် ထိတွေ့မှုဖြစ်ပွားသည့် နေရာ၏ အနောက်ဘက် ၉ မိုင်ခန့်အကွာ ကျောက်တံခါးကျေးရွာဘက်သို ဆုတ်ခွာ ထွက်ပြေးသဖြင့် လုံခြုံရေး ပူးပေါင်းအဖွဲက အကြမ်းဖက်ချေမှုန်းရေး လိုက်လံဆောင် ရွက်ခဲ့ပြီး ကျောက်တံခါးကျေးရွာမှ ပြန်လည်ထွက်ခွာလာစဉ် အဆိုပါကျေးရွာ အထွက်တွင် အကြမ်းဖက်အုပ်စု PDF အဖွဲ အင်အား ၅၀ ခန့်က လမ်းဘေး ဝဲ/ယာမှ ထပ်မံချောင်းမြောင်းပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် အုပ်စု PDF အဖွဲသည် ထိတွေ့မှုဖြစ်ပွားသည့်နေရာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ မြေခဲတောင်ကျေးရွာဘက်သို ဆုတ်ခွာထွက်ပြေးသဖြင့် အကြမ်းဖက်ချေမှုန်းရေး လိုက်လံဆောင်ရွက်ခဲ့ရကြောင်း သိရသည်။