၂၀၂၃ ၊ ဧပြီ ၂၆
ယမန်နေ့ (ဧပြီ ၂၅) ညနေ ၆နာရီအချိန်က တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာတိုက်နယ်ဆေးရုံ၌ ကျည်ထိမှန် ဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသားအလောင်း ၁ လောင်းရောက်ရှိနေကြောင်းသတင်းအရ တာ၀န်ရှိသူများက သွားရောက်စစ်ဆေးရာ ဦးတင်စန်း(၆၆)နှစ် စစ်မှုထမ်းဟောင်း ခလရ(၂၆)အင်တိုင်းမှ တသအဆင့်ဖြင့် ဆေးဘုတ်ဖြင့်ထွက်ထားသူ ( စည်ပိုင်းကျေးရွာ ရေတာရှည်မြိုနယ်နေသူ)တွင် ဦးခေါင်းနောက်စေ့ကျည်ကြေမွဒဏ်ရာ ၁ ချက်၊ ယာနားအောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပေါင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာခြေသလုံးပြတ်ရှဒဏ်ရာ ၂ ချက်/ပွန်းခြစ်ဒဏ်ရာ ၃ ချက်၊ ယာခြေဖမိုး ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဒူးပွန်းပဲ့ဒဏ်ရာ ၁ ချက်၊ ဝှေးစေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် စုစုပေါင်း ဒဏ်ရာ ၁၂ ချက်ဖြင့် သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား စိစစ်ခဲ့ရာ ယင်းနေ့ မွန်းလွဲ ၂နာရီတွင် ဦးတင်စန်း သည် နေအိမ်၌ သမီးဖြစ်သူ မစုတင်(ခ)စုစုလွင်(၃၉)နှစ်နှင့်အတူရှိ နေစဉ် ဆိုင်ကယ် ၂ စီးဖြင့်အမျိုးသား ၅ ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး ဦးတင်စန်း အား ၎င်းတိုနှင့် အတူလိုက်ခဲ့ရန်ပြောပြီး နေအိမ်ရှိ HONDA 100 ဆိုင်ကယ်နှင့် ဖုန်း ၂ လုံးတိုအားယူဆောင်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ ဆည်ဝါးတောကျေးရွာအနီး၌ သေနတ်ဖြင့်ပစ်ခတ်ပြီး ဖုန်း ၂ လုံးနှင့်ဆိုင်ကယ်တိုအားယူဆောင်သွားခဲ့၍ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထိုကြောင့် အမျိုးသား ၅ ဦး(စိစစ်ဆဲ)အား နမစ(ဆွာ)(ပ)၁၈/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖက်မှုတိုက်ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။