ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များကို သက်တမ်းမကုန်ဆုံးမီ နှစ်လကြိုတင်ကာ သက်တမ်းတိုးမြှင့် လျှောက်ထားနိုင်

ရန်ကုန်၊ အောက်တိုဘာ ၉
    ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များကို ရေနံနည်းဥပဒေ (၁၁၉) အရ သက်တမ်းကုန်ဆုံးမည့်နေ့ ရက်မတိုင်မီ နှစ်လကြိုတင်ကာ သက်တမ်းတိုးမြှင့်လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ အောက် တိုဘာ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
    သတ္တုတွင်းဦးစီးဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးမည်ဖြစ်၍ လာမည့်နှစ်အတွက် သက်တမ်းတိုးမြှင့်လျှောက်ထားရန် လိုအပ်ပြီး အဆိုပါ လိုင်စင်သက်တမ်းတိုးမြှင့် မှုကို နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
    သက်တမ်းတိုးခြင်း ပျက်ကွက်သည့် သိုလှောင်ခွင့် လိုင်စင်များအတွက် ရက်လွန်ဒဏ်ကြေးအဖြစ် လာမည့်ဇန်နဝါရီ ၁ ရက်မှစတင်၍ တစ်ရက်လျှင် သိုလှောင်ခွင့် လိုင်စင်ကြေး၏ ၂ ရာခိုင်နှုန်းပေး ဆောင်ရမည်ဖြစ်ပြီး သက်တမ်းတိုးလျှောက်ထားလိုသူ များသည် သက်တမ်းတိုးလျှောက် လွှာအပါ အဝင်ဌာနမှ ထုတ်ပေးထားသော သိုလှောင်ခွင့်လိုင်စင်(မူရင်း)၊ ကွင်းဆင်းစစ်ဆေးချက် မှတ်တမ်း (မိတ္တူ)နှင့် စက်သုံးဆီအရောင်းဆိုင် အခြေအနေများ၊ ရိုက်ကူးထားသည့် ဓာတ်ပုံများ တင်ပြရမည်ဖြစ်ကြောင်း သတ္တုတွင်း ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ နဒီ

Total Views ~ 207

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43739

© 2022 - 2025 News. All Rights Reserved.