၂၀၂၃ ၊ မတ်လ ၁၂
ယမန်နေ့ (မတ်လ ၁၁)ည ၈နာရီ မိနစ် ၂၀ အချိန် ထားဝယ်ခရိုင် ရေဖြူမြို့နယ်၏ မြောက်ဘက် ၃၃ မိုင်ခန့်၊၏ မြောက်ဘက် ၂ မိုင်ခန့်အကွာ မိကျောင်းလှောင်(ရွာသစ်)ကျေးရွာ နတ်အိမ်တောင်သွားကားလမ်း တွင် အမျိုးသား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သတင်းပေးချက်အရ ဖြစ်စဉ်အား ယင်းနေ့ ညနေ ၆နာရီ ၁၅ မိနစ်အချိန်တွင် မောင်မောင်(၃၅)နှစ် မိကျောင်းလှောင်(ရွာသစ်)ကျေးရွာ ရေဖြူမြို့နယ်နေသူနှင့် တစ်ရွာတည်းနေ ထက်ထက်အောင်(၃၂)နှစ်တို ၂ ဦးသည် နတ်အိမ်တောင်ကျေးရွာအနီးရှိ မောင်မောင်၏ ဥယျာဉ်ခြံမှ ဆိုင်ကယ် ဖြင့်ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ပြောက်ကျားဝတ်စုံဝတ်ဆင်ပြီး သေနတ်များ ကိုင်ဆောင် ထားသည့် အကြမ်းဖက်အုပ်စု PDF ၅ ဦးခန့်က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဆိုင်ကယ် နောက်တွင်လိုက်ပါလာသူ ထက်ထက်အောင်တွင် ဝဲတင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိခဲ့၍ ကလိန်အောင်မြိုပြည်သူ့ဆေးရုံသို ပိုဆောင်ထားရှိကြောင်း သိရသည်။
နယ်မြေအခြေအနေအရ အခင်းဖြစ်နေရာသို သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးနိုင်ခြင်းမရှိကြောင်း သိရသည်။