ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေး ဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌ တိုက်တွန်း

၂၀၂၃ စက်တင်ဘာ ၁၁
    လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် နယ်မြေအလိုက် လက်နက်ကိုင် ပဋိပက္ခများချုပ် ငြိမ်းစေရေး ဆောင်ရွက်ပေးကြရန် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ်(မြောက် ပိုင်း) ပြည်သူ့စစ်ဌာန ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားလိုက်သည်။
    စက်တင်ဘာ ၁၀ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ် ဌာနေတပ်ဖွဲ့ဝင်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရွှေလီရတနာခန်းမ၌ တွေ့ဆုံ ရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  တည်ငြိမ်အေးချမ်းမှု ရှိမှသာလျှင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရေးအတွက် မဲစာရင်းများကောက် ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်မှာဖြစ် ကြောင်း၊ ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ သည် မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့၏ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက်နေသည့် အဖွဲ့များဖြစ်သည့် အ တွက် လေးစားအသိအမှတ်ပြုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုခဲ့သည်။ ထို့အပြင် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်ကို လုံခြုံရေးအရ အင်အားဖြည့်ပေးနေသည့် အင်အားစုတစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံချစ်စိတ်ဖြင့် နယ်မြေတည်ငြိမ်အေးချမ်းအောင် တာဝန်သိစိတ်ဖြင့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ဆက်လက်၍ ငြိမ်းချမ်းရေးဆွေး နွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏ အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းနေကြောင်း နှင့် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်သည်သာလျှင် မြန်မာနိုင်ငံနှင့် အသင့်တော် ဆုံးဖြစ်ကြောင်း၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင် များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာနိုင်ရေး ဝိုင်းဝန်းတိုက်တွန်း ဆောင် ရွက်ကြရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
    တွေ့ဆုံမှုတွင် ဒေသခံပြည်သူ့စစ် ခေါင်းဆောင်များကလည်း ဒေသတွင်း၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အချို့ ဒေသခံများအနေဖြင့် ဒေသစွန့်ခွာ တိမ်း ရှောင်နေရသည့် အခြေအနေများ၊ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင် ရေး နိုင်ငံတော်မှ ပံ့ပိုးကူညီပေးဖို့၊ ဒေသ ထုတ်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် လွယ် ကူချောမွေ့စေရေး ကူညီဆောင်ရွက်ပေးရန် တင်ပြပြောကြားခဲ့သည်။
    တွေ့ဆုံပွဲသို့ နယ်ခြားစောင့်တပ်ဖွဲ့ ကြီးကြပ်ရေးခေါင်းဆောင် ဗိုလ်မှူးကြီး ဝေဆန်း(အငြိမ်းစား)၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေးပြည်သူ့ စစ်ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန် ပြည် သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လွင်တို့ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Total Views ~ 177

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43791

© 2022 - 2025 News. All Rights Reserved.