ရွေးကောက်ပွဲ ဖျက်ဆီးမည့်သူများ ရှိနေသော်လည်း လုပ်စရာရှိသည်ကို ဆက်လုပ်မည်ဟု ကရင်ပြည်သူ့ပါတီပြော

နေပြည်တော်၊ သြဂုတ် ၂၁
    ရွေးကောက်ပွဲကို အစိုးရနှင့် ဆန့်ကျင်ဘက် အဖွဲ့အစည်းများက ဖျက်မည်ဟု ကြိမ်းဝါးနေသော်လည်း လုပ်စရာရှိသည်ကို ဆက်လုပ်မည်ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီမှ နန့်ခင်အေးဦးက ပြောသည်။
    "စည်းရုံးရေးနဲ့ ပတ်သက်လို့ သိပ်များများတော့ မလုပ်ရသေးပါဘူး။ ဒါပေမဲ့ ပွင့်လင်းရာသီ ရောက်လာပြီဆိုတော့ လုပ်ရတော့မယ်။ ကျွန်မတို့ပါတီက မြို့နယ်ဥက္ကဋ္ဌ တွေကတော့ လူထုနဲ့ထိ တွေ့မှုရှိပါတယ်။ ရွေးကောက်ပွဲကို ဖျက်မယ့်ဘက်ကလည်း ဖျက်မယ် ကြိမ်းဝါးနေတာပဲ။ ရွေးကောက်ပွဲကို အပိုင်းလိုက်လုပ်မယ်။ လုပ်လို့ရတဲ့နေရာတွေ လုပ်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေတွေကို ကျော် နိုင်အောင် အရင်ကြိုးစားရဦးမယ် ထင်ပါတယ်။ ကျွန်မတို့ကတော့ ဘယ်လို အခင်းအကျင်းမျိုးပဲဖြစ်ဖြစ် လုပ်စရာရှိတာ လုပ်ရမှာပဲ"ဟု ၎င်းကပြောသည်။ 
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရွေးကောက်ပွဲအတွက် မဲစာရင်း မှန်ကန်ရေးကို ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းသည့် အခြေအနေပေါ် မူတည်၍ ရွေးကောက်ပွဲကို ပြုလုပ်၍ ရသည့်ဒေသများတွင် အပိုင်းလိုက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 
    တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို ချမှတ်ဆောင်ရွက်နေမှုနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အလေးထား ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်၍  တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ကြောင်း ပြောကြားထားသည်။ 
ကွန်းဈာန်

Total Views ~ 166

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.