ရွေးကောက်ပွဲကို မည်သည့်စနစ်ဖြင့်သွားမည်ကို မသိရသေးသော်လည်း ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း မန်းအောင်ပြည်စိုးပြော

နေပြည်တော် စက်တင်ဘာ ၄
    ရွေးကောက်ပွဲအား အချိုးကျ PR စနစ်နှင့် အနိုင်ရသူအကုန်ယူ စနစ်၊ မည်သည့်စနစ်ကို ကျင့်သုံးမည်ကို မသိရသေးသော်လည်း ကိုယ်စားလှယ်လောင်းများ၏ လုံခြုံရေးအခြေအနေကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။ 
    "ကျွန်တော်တို့ကတော့ နဂိုအနိုင်ရအကုန်ယူစနစ်ဟောင်းကနေ PR စနစ်ကို ပြောင်းလဲလုပ်ဆောင်မယ်ဆိုတော့ သဘောတူလက်ခံတယ်ဆိုပြီး ပြန်လည် အဆိုပြု လိုက်တယ်။ အခုကတော့ သိရသလောက်က နိုင်ငံတော်အကြံပေးအဖွဲ့ရဲ့ သဘောထားကတော့ ဒီအခြေအနေမှာ အနိုင်ရသူ အ ကုန်ယူစနစ်ပဲ ကောင်းတယ်ဆိုပြီးတော့ အကြံပေးတယ်လို့ သိရတယ်။ သို့ပေမယ့်လည်း ဒီဥစ္စာက အတည်တော့ မဟုတ်သေးဘူး။ ဘယ်စနစ်ကို သုံးမယ်ဆိုတာ အတည်မဟုတ်သေးဘူး။ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ လုံခြုံရေးအရလည်း ထည့်သွင်းစဉ်းစားဖို့လည်း လိုတယ်။ PR ကို ပြောနေရင်းက ဘာကြောင့် အနိုင်ရသူအကုန်ယူ စနစ်ကိုသွားဖို့ ပြောလည်းဆိုတာကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်။ သူတို့ ဘာဆုံးဖြတ်မလဲဆိုတာ မသိရသေးဘူး။ သို့သော် ပါတီအများစုကတော့ PR ကိုသွားချင်နေတယ်။ ကျွန်တော်တို့လည်း အဲဒီအတိုင်း ပါပဲ။ PR က ကိုယ်စား လှယ်လောင်းတွေရဲ့ အမည်နာမကို ပြည်သူကို ချပြစရာမလိုဘူး ဆိုပေမယ့် ကိုယ်စားလှယ်လောင်း တွေကတော့ တစ်နည်းမဟုတ်တစ်နည်း ပြည်သူလူထုနဲ့ ထိတွေ့ရမှာပဲ။ အသိပေးရမယ့် အနေအ ထားတော့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်မဲပေးချင်တဲ့ လူတစ်ယောက်ကို ကိုယ် မသိဘူးဆိုရင် အသား လွတ်ကြီး မဖြစ်သင့်ဘူး။ ပါတီကိုတော့ သိပြီထားလိုက်တော့ လူထုကတော့ ဒီနယ်မြေမှာ ဘယ်သူ အရွေးခံမယ်ဆိုတာ သိရမယ်ဆိုတာမျိုးတော့ ကျွန်တော်တို့ နားလည်ထားတယ်။ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင်တော့ အသိပေးရမှာပဲလေ။ အသိမပေးဘူးဆိုရင်တော့လည်း လူထုက ခွဲခွဲခြားခြား မဲပေးနိုင်ဖို့ ခက်လိမ့်မယ်ထင်တယ်။ အခုစိုးရိမ်နေကြတာက အနိုင်ရသူအကုန်ယူ စနစ်တောင်မှ မဲပေးတာတွေ အ မှားမှားအယွင်းယွင်း ဖြစ်တယ်။ အခု PR က အသစ်ကြီးဆိုတော့ မယဉ်ပါးသေးဘူး။ စိုးရိမ်မှုတွေလည်းရှိတယ်။ အဲဒီလို အနေအ ထားနှစ်ခုမှာ သူတို့အပေါ်က လူတွေဘယ်လို စဉ်းစား ကြမလဲ မပြောတတ်ဘူး"ဟု ၎င်း ကပြောသည်။ 
    ထို့အပြင် နိုင်ငံရေးပါတီများ၏ ခန့်မှန်းပြောဆိုချက်များအရ ညွှန့်ပေါင်းအစိုး ရဖြစ်လာနိုင်သည်ဟူသော သုံးသပ်ချက် များလည်းရှိနေပြီး အဆိုပါ ညွန့်ပေါင်းကိစ္စမှာ မလွယ်ကူကြောင်း မန်းအောင်ပြည်စိုးက သုံးသပ်ပြောဆိုသည်။ 
    "ညွန့်ပေါင်း အစိုးရပုံစံကတော့ သဘောထားပေါင်းစုံကနေ ဖွဲ့စည်းရမယ့် အဖွဲ့မျိုးဆိုတော့။ ကျွန်တော့်တစ်ယောက်တည်း အမြင်အရတော့ သိပ်တော့မကောင်းဘူး။ ထိုင်းကိုပဲကြည့်။ ပါတီငယ် လေးတွေတောင်မှ တစ်ခါတလေ သဘောထားမတူ တာတွေရှိတယ်။ ညွန့်ပေါင်းကတော့ ဥပ ဒေအရ ပေါင်းကောင်းပေါင်းရမှာပေါ့။ တချို့ EAOs တွေကတော့ လိုချင်တယ်။ ရွေးကောက်ပွဲကနေ ထွက်လာတဲ့သူတွေနဲ့ ညွန့်ပေါင်း လုပ်မယ်ဆိုရင်တော့ အဆင်ပြေ မယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ လက်သင့်ရာ ခေါ်ပြီးတော့ လုပ်ရတာတော့ အဖြေကောင်း မဟုတ်ဘူး"ဟု ၎င်းကဆိုသည်။ 
    ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီအနေဖြင့် ကရင်ပြည်နယ်ဒေသအတွင်း အေးချမ်းတည်ငြိမ်သည့် ဒေသနှစ်ခုခန့်တွင်သာ မဲဆွယ်စည်းရုံးမှု ပြုလုပ်နိုင်ခြေရှိပြီး လတ်တလော အခြေ အနေအရ ပါတီတွင်း အစည်းအဝေးများသာ ပြုလုပ်လျက်ရှိ ကြောင်းသိရသည်။ 
    လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအရ ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုလျှင် လုံခြုံရေးကိစ္စအား ရွေးကောက်ပွဲကို ဦးစီးဦးဆောင် ကျင်းပပေးမည့် UCE သို့မဟုတ် အစိုးရက တာဝန်ယူမှသာလျှင် အဆင်ပြေနိုင်မည် ဖြစ်ကြောင်းကို နိုင်ငံရေးပါတီများ၏ ပြောကြားချက်အရ သိရသည်။ 
    လာမည့် ၂၀၂၅ နိုဝင်ဘာလတွင် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေပြီဖြစ်သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းထားကြောင်း သိရသည်။ 
ကွန်းဈာန်

Total Views ~ 161

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43811

© 2022 - 2025 News. All Rights Reserved.