၂၀၂၃ အောက်တိုဘာ ၂၃
အစ္စရေး-ဟားမာက် စစ်ရေးအခြေ အနေတင်းမာခဲ့သည့် ကိစ္စကြောင့် ကမ္ဘာ့ရွှေဈေးအပြင် မြန်မာ့ရွှေဈေးပါ လှုပ်ခတ်ခဲ့သော်လည်း ယခုအခါ တစ်နေ့လျှင် ငွေကျပ်တစ် သောင်းခန့် ပြန်လည် ကျဆင်းနေပြီ ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြော သည်။
"ရွှေဈေးကွက်မှာ အရောင်းအဝယ်ကတော့ တော်တော်အေးတယ်။ ရွှေဈေးက အစ္စရေးကြောင့် နည်းနည်းတက် လိုက်သေးတယ်။ အခုတော့ ပြန်ကျသွားပါပြီ။ ကမ္ဘာ့ဈေးကလည်း ပြန်ကျတယ်။ ပြည်တွင်းမှာလည်း ဒေါ်လာဈေးက တအိအိနဲ့ ပြန်ဆင်းတယ်။ အဝယ်လည်း အေးနေတယ်။ အစ္စရေး ကိစ္စကြောင့် နည်းနည်းရွှေဈေးက လှုပ်ခဲ့တယ်။ ကမ္ဘာမှာလည်း ဈေးကစားတဲ့ သူတွေရှိတယ်။ ပြည်တွင်းမှာတင် မဟုတ်ဘူး။ တို့က ကမ္ဘာ့ရွှေဈေးနဲ့ ပြည် တွင်းဒေါ်လာပေါက်ဈေးနဲ့ မြှောက်တာပေါ့။ မြှောက်တော့ ၁ ဒသမ ၈၇၅ ဖော်မြူလာနဲ့ စားတာပေါ့။ ဒါဈေးကွက်ထဲမှာ လုပ်တာ။ အရင်တုန်းကတော့ ဗဟိုဘဏ်က သတ်မှတ်တဲ့ ဈေး ၂၁၀၀ နဲ့တွက်တယ်။ အခုနောက် ပိုင်းကျတော့ ဘဏ်များအချင်းချင်း တင်ဒါ ဈေးပေါ့။ ဘဏ်ဈေးနဲ့ ၂၉၀၀ ကျော်နဲ့ တွက်တယ်။ ၂၉၃၂ လောက်နဲ့ တွက်တယ်။ ဗဟိုဘဏ်တင်ဒါဈေးနဲ့ တွက်တယ်ပေါ့။ နောက်ပိုင်းကျရင် အပြင်ကဈေးနဲ့ ရည်ညွှန်း ဈေးနဲ့လည်း ညီသွားမှာပါ။ အပြင်ကလည်း ဒေါ်လာဈေးကျရင် တောက်လျှောက်ကျသွားမှာ"ဟု ၎င်းက ပြောသည်။
ထို့အပြင် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတို့၌ ရွှေဈေးကျသည့် အလေ့ အထရှိပြီး ကောလာဟလ ကိစ္စမရှိပါက ရွှေဈေးနှုန်း တောက်လျှောက် ကျဆင်းနေဦးမည်ဖြစ်ကြောင်း ရွှေလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
"ဘာလေးဘာ ကာလကတော့ ကျန်သေးတယ်။ အဲဒီ အစ္စရေးဖောက်လို့ နို့မို့ဆိုရင် ဒီဟာက ၃၀ အောက်ရောက်သွား ပြီ။ အစ္စရေးကြောင့်။ သူက တစ်ခုခုဖြစ်ရင်တော့ ဖြစ်တာပဲ။ အရင်တစ်ခါ ရုရှား-ယူက ရိန်းတုန်းကလည်း အဲဒီလိုပဲ။ ဝုန်းဝုန်းဝုန်းနဲ့ တက်လိုက်သေးတယ်။ နောက် ပြန်ကျသွား တာပဲ။ ရုရှားကိစ္စဖြစ်တဲ့ အချိန်က ၁၇၀၀ ပတ်ချာလည်လောက်ပဲ ရှိတယ်။ အခုကတော့ ၁၉၀၀ ကျော်ဆိုတော့ နည်းနည်းတက် နေတာပေါ့။ အာရပ်တွေ အကုန်လုံးကလည်း ရွှေကိုင်တာ များတာကိုး။ သူတို့က ဒေါ်လာအစား ရွှေကိုင်တာများတယ်။ ဘာလေးဘာ အလွန်ကျရင်တော့ ဈေးက ကောလာဟလ မရှိရင်တော့ ရွှေဈေးက တောက်လျှောက်ကျနေမှာပဲ။ ကောလာဟလပဲ အဓိကတော့ ဒီကာလ အတွင်းကတော့ တစ်နေ့တစ်သောင်းလောက်တော့ ပြန်ကျနေမှာပဲ။ တက်တာကမြန်တယ်။ ကျရင် တော့ တစ်နေ့တစ်သောင်း လောက်ပဲ ပြန်ကျနေမယ်"ဟု ၎င်းကပြောသည်။
အောက်တိုဘာလ ၂၃ရက် နံနက် ပိုင်း အကယ်ဒမီ မီးလင်းရွှေဈေးကွက် ဈေးနှုန်း (ကျပ် သိန်းသုံးဆယ် ရှစ်သောင်း ရှစ်ထောင့်သုံးရာ) ကမ္ဘာ့ရွှေဈေး (World Gold Price) 1 Ounce = 1975 USD$ ရှိခဲ့သည်။ အောက်တိုဘာလ ၂၃ ရက်ညနေပိုင်း အကယ်ဒမီ မီးလင်းရွှေဈေးကွက် အပိတ်ဈေးနှုန်း (ကျပ်သိန်း သုံးဆယ်ကိုးသောင်းခြောက် ထောင့်တစ်ရာ) ကမ္ဘာ့ရွှေဈေး (World Gold Price) 1 Ounce = 1980 USD$ ရှိခဲ့သည်။
လွန်ခဲ့သော အောက်တိုဘာလ ၁၀ ရက်နံနက်ပိုင်းက အကယ်ဒမီမီးလင်းရွှေ အဖွင့်ဈေး (ကျပ်နှစ်ဆယ့် ကိုးသိန်း တစ် သောင်းသုံးထောင့်နှစ်ရာ)၊ ကမ္ဘာ့ရွှေဈေး (World Gold Price) 1 Ounce = 1863 USD$ ရှိခဲ့ရာမှ အောက်တိုဘာလ ၁၀ ရက် ညနေပိုင်း အကယ်ဒမီမီးလင်းရွှေအပိတ်ဈေး (ကျပ်နှစ်ဆယ့် ကိုးသိန်းသုံးထောင့် ရှစ်ရာ) ကမ္ဘာ့ရွှေဈေး (World Gold Price)1 Ounce = 1857 USD$ ရှိခဲ့သည်။
ရွှေဈေးကွက် တည်ငြိမ်စေရန် အလေးချိန်၊ အရည်အသွေး သတ်မှတ်ပြီး ဈေးနှုန်းကိုပါ သတ်မှတ်ထားသည့်အတိုင်း တရားဝင်မှတ်ပုံတင်လက်မှတ် ရှိသူတွေသာ ရွှေတုံး၊ ရွှေခဲရောင်း ဝယ်ခွင့်ပြုမည့် Online Trading စနစ်လုပ်ရန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားထားသည်။
Online Trading စနစ်အကောင် အထည်ပေါ်လာခြင်းကြောင့် ရသင့်ရထိုက် သည့်ငွေလဲနှုန်းကိုရ သလို ဈေးကွက်၏ ဝယ်လိုအား၊ ရောင်းလိုအားကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး နိုင်ငံခြားငွေ လိုအပ်ချက်များကိုလည်း ဗဟိုဘဏ်ဘက်က လိုအပ်သလို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။