၂၀၂၃ စက်တင်ဘာ ၁၂
၂၀၂၃ စက်တင်ဘာလ ၁၁ရက် က ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် ငွေကျပ်နှစ်သိန်းဝန်းကျင်မြင့် တက်ခဲ့ပြီး ယင်းဖြစ်စဉ်မှာ အကြောင်းမဲ့မြင့် တက်ခြင်းဖြစ်ကြောင်းနှင့် ဈေးကစားသူများ ကြောင့်ဟု ပြည်တွင်းရွှေဈေးကွက်ကျွမ်းကျင် သူတစ်ဦးက ဆိုသည်။
နိုင်ငံတော်အစိုးရမှ နှစ်သောင်းတန်ငွေစက္ကူ အကန့်အသတ်ဖြင့်သာ ထုတ်ဝေမည်ဟု ကြေညာပြီးနောက် ယင်းငွေစက္ကူ ထုတ်ဝေမည်ကို အကြောင်းပြုကာ လှုပ်ခတ် ခဲ့သည့် ရွှေဈေးနှုန်းမှာ ပြန်လည်ကျဆင်းခဲ့ပြီး ထပ်မံကျဆင်းဖွယ်ရှိနေကြောင်းနှင့် ဈေးကစားမှုပြုလုပ်သူများကို ဖော်ထုတ်သင့်ကြောင်း မန္တလေးမြို့မှ ရွှေဈေးကွက်ကျွမ်းကျင်သူက ပြောသည်။
]]စက်တင်ဘာ ၁၁ ရက် တစ်ရက်တည်း ရွှေဈေးနှစ်သိန်းတက်တယ်ဗျာ။ ဘာကြောင့်တက်တယ်ဆိုတာ အကြောင်းအရင်း မရှိဘူး။ နားလည်အောင်ပြောရရင် ဒါဈေး ကစားတာပဲ။ ဈေးကစားတဲ့နောက်ကွယ်က လက်မည်းကြီးတွေကို ဖော်ထုတ်အရေးယူ ပေါ့ဗျာ။ တစ်ရက်တည်း နှစ်သိန်းတက်တာ တော့ အဓိပ္ပာယ်မရှိဘူး။ စက်တင်ဘာ ၁၀ ရက်က ၃၄ သိန်းပိတ်တယ်။ ၁၁ ရက်မှာ ၃၆ ဖြစ်သွားတယ်။ ဈေးက တက်စရာအ ကြောင်းအရင်း ကြီးကြီးမားမားမရှိဘူး။ အကျဘက်ကိုပဲ ဦးတည်နေတယ်လို့ အများမှန်း ထားကြတယ်။ ကျပ်နှစ်သောင်းတန်ထွက်မှ မထွက်တာ သေချာတယ်။ ဈေးကျလို့ရတယ်}}ဟု ရွှေဈေးကွက်ကျွမ်းကျင်သူက ဆိုသည်။
စက်တင်ဘာလ ၁၀ရက် ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သား ရည်ညွှန်းဈေးမှာ ကျပ် ၂၂၆၆၇၀၀ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၂၄ ဒေါ်လာဖြစ်ကြောင်း သိရ သည်။
စက်တင်ဘာလ ၁၂ ရက် ပြင်ပ အခေါက်ရွှေပေါက်ဈေးမှာ တစ်ကျပ်သား လျှင် ကျပ် ၃၅၇၀၀၀၀ ဝန်းကျင်တွင်ရှိနေပြီး ပြင်ပ ၁၅ ပဲရည် လက်ဝတ်ရတနာ ပေါက် ဈေးမှာ ကျပ် ၃၄၂၀၀၀၀ ကျော်တွင် ရှိနေ ကြောင်း သိရသည်။