၂၀၂၃ နိုဝင်ဘာ ၂၀
ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်နှင့် စေတီပရဝဏ်အတွင်းတွင်ရှိသည့် စီးပွားရေးလုပ်ငန်းအမျိုးအစား ၁၄ မျိုးကို လာ မယ့် ၂၀၂၄ ခုနှစ်အတွင်း လုပ်ကိုင်နိုင်ရန် အတွက် စိတ်ပါဝင်စားသူများကို ဈေးပြိုင် စနစ်ဖြင့် ချထားပေးရန် ဖိတ်ခေါ်ထား ကြောင်း စေတီတော်ဂေါပကအဖွဲ့မှ ထုတ် ပြန်ကြေညာထားသည်။
ယင်းလုပ်ငန်းအမျိုးအစား ၁၄ ခု မှာ ဓာတ်ပုံလုပ်ငန်း၊ ရွှေဆိုင်းရောင်းချသည့် လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ လက် ဆောင်ပစ္စည်း ရောင်းချသည့်လုပ်ငန်း၊ ပန်း ဆိုင်ရောင်းချခြင်း လုပ်ငန်း၊ နိဗ္ဗာန်ကုန် ရောင်းချခြင်း၊ အုန်းပွဲငှက်ပျောပွဲရောင်းချ သည့် လုပ်ငန်း၊ အုန်းသီး/ထန်းသီး ခူးဆွတ် ရောင်းချခြင်းလုပ်ငန်း၊ ကုန်မျိုးစုံဆိုင်ရောင်း ချသည့်လုပ်ငန်း၊ ဂုဏ်ပြုလွှာမှန်ပေါင်သွင်း ခြင်းလုပ်ငန်း၊ ငွေလွှဲကောင်တာနှင့် ATM စက် ဖွင့်လှစ်ရောင်းချသည့်လုပ်ငန်း၊ Mo-ney Exchange Countor နှင့် ATM စက် ဖွင့်လှစ်ခြင်းလုပ်ငန်းနှင့် ATM စက်တပ်ဆင် ခြင်းလုပ်ငန်းစသည်တို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများသည် ယခု နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ လာမည့် ၂၀၂၄ ခုနှစ် တွင် လုပ်ကိုင်ခွင့်ပြုရန်အတွက် ယင်းလုပ်ငန်း ၁၄ ခုအား စိတ်ဝင်စားသည့် လုပ်ငန်းရှင်များကို ဈေးနှုန်းအဆိုပြုလွာများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်အရ သိရ သည်။
ဈေးနှုန်း အဆိုပြုလွှာပုံစံများနှင့် စည်းကမ်းချက်များကို နိုဝင်ဘာ ၁၅ ရက် မှစတင်၍ ၂၄ ရက်အတွင်း အဆိုပြု လွှာတစ်စောင်လျှင် ငွေကျပ် ၂၀၀၀၀ နှင့် ဂေါပကအဖွဲ့ရုံးတွင် ရောင်းချပေးသွားမည် ဖြစ်ကာ နိုဝင်ဘာလ ၃၀ ရက်တွင် သတ် မှတ်ချိန်အတွင်း အဆိုပြုလွှာများကို တင်သွင်းရမည်ဖြစ်ကြောင်း။ ရွှေတိဂုံစေတီတော် မြတ်ကြီးသည် ဘုရားဖူးပြည်သူများနှင့် စည် ကားမှုများရှိနေကာ နေ့ထူးနေ့မြတ်များတွင် ဘည်း ဘာသာရေးပွဲများ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။