ရွှေတိဂုံစေတီတော် ၂၀၂၅ ခုနှစ် ပြက္ခဒိန်အတွက် ပြင်ပမှ ဓာတ်ပုံများပေးပို့ရန် ဖိတ်ခေါ်

ရန်ကုန်၊ သြဂုတ် ၂၈
    ရွှေတိဂုံစေတီတော်၂၀၂၅ ခုနှစ် ပြက္ခဒိန်အတွက် ဓာတ်ပုံပညာရှင်များနှင့် ဝါသနာရှင်များ လာမည့် စက်တင်ဘာ ၂၆ ရက်မှာ နောက်ဆုံးထားကာ ဓာတ်ပုံများပေးပို့ရန် စေတီတော်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။
    ဓာတ်ပုံများကို ပေးပို့ရာတွင် ဓာတ်ပုံပညာရှင်၊ ဝါသနာရှင်များအနေဖြင့် ယခုနှစ်အတွင်း ၎င်းင်းတို့ကိုယ်တိုင်ရိုက်ကူးထားသည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကြည်ညိုဖွယ်ရာဓာတ်ပုံများနှင့် ဗုဒ္ဓရုပ်ပွားတော်များ၏ ဓာတ်ပုံများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပေးပို့နိုင်ကြောင်း သိ ရသည်။
    "ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အထိမ်းအမှတ်ပြက္ခဒိန်ကို နှစ်စဉ်ဂေါပကအဖွဲ့ကနေ ဦးဆောင်ပြီး ရွှေတိဂုံစေတီတော်မှာရှိတဲ့ ဓာတ်ပုံဆရာတွေနဲ့ ရိုက်ကူးထုတ် လုပ်လာခဲ့တာပါ။ ဒီနှစ်မှာတော့ ပိုပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ ဓာတ်ပုံတွေ၊ ပိုပြီး ကြည်ညိုသပ္ပာယ်ဖို့ကောင်းတဲ့ ဓာတ်ပုံတွေရရှိဖို့ ပြင်ပဓာတ်ပုံပညာရှင်တွေကို ဓာတ်ပုံတွေပေးပို့ကြဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်"ဟု ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
    ရွှေတိဂုံစေတီတော် အထိမ်းအမှတ်ပြက္ခဒိန်များအတွက် ဓာတ်ပုံများကို Portrait နှင့် Landscape အရွယ်အစားနှစ်မျိုးလုံး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ ပြက္ခဒိန်တစ်မျိုးစီတွင် ရှေ့မျက်နှာဖုံး အပါအဝင် ခုနစ်မျက်နှာစီ ပါရှိမည်ဖြစ်ကြောင်း၊ ပြက္ခဒိန်နှစ်မျိုးလုံးအတွက် စုစုပေါင်းအကောင်းဆုံးဓာတ်ပုံ ၁၅ ပုံကို အကဲဖြတ်ရွေးချယ်ရေးအဖွဲ့မှ စိစစ်ရွေးချယ်၍ ပြက္ခဒိန် တ်လုပ်သွားမည်ဖြစ်သည်။
    ပညာရှင်၊ ဝါသနာရှင်များ၏ ရွေးချယ်ခံရသည့် ဓာတ်ပုံများအတွက်ကိုလည်း ထိုက်သင့်သည့် ဉာဏ်ပူဇော်ခများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း စေတီတော်ဘဏ္ဍာ တော်ထိန်းဂေါပကအဖွဲ့မှ သိရ သည်။
သက်မှူး

Total Views ~ 253

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.