၂၀၂၃ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များနှင့် ရွှေလုပ်ငန်းများအတွက် ရွှေလုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လုပ်ငန်းလိုင်စင် ငါးမျိုးအတွက် ထောက်ခံချက်များအား အခမဲ့ထုတ်ပေးလျက်ရှိပြီး ရုံးချိန်အတွင်း အခမဲ့ထုတ်ယူနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း( YGEA) မှ သိရသည်။
ရွှေလုပ်ငန်းလိုင်စင် လျှောက်ထား ရာတွင် လိုအပ်သည့် ရွှေဆိုင်လိုင်စင်ထောက်ခံချက်၊ ရွှေသန့်စင် လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ ပန်းထိမ်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ အပေါင်ဆိုင် လုပ်ငန်းလိုင်စင်ထောက်ခံချက်နှင့် ရွှေအတုံးအခဲအရောင်းအဝယ် လိုင်စင် ထောက်ခံချက်များအား ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ရုံးတွင် အခမဲ့ထောက်ခံပေးလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ သက်ဆိုင်ရာ ကဏ္ဍအ လိုက်လိုအပ်သည့် ထောက်ခံချက်များအား YGEA အသင်းရုံးတွင် ရုံးချိန်အတွင်း လာရောက်အခမဲ့ ထုတ်ယူနိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေဆိုင်လုပ်ငန်း ပေါင်း တစ်သောင်းကျော်ရှိပြီး နှစ်စဉ် ဒီဇင်ဘာလကုန်တွင် လိုင်စင်သက်တမ်းကုန်ဆုံးကြောင်း သိရသည်။