Breaking

ရှမ်းမြောက်ဒေသ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးပါတီအချို့ ထုတ်ပြန်

၂၀၂၃ အောက်တိုဘာ ၃၁

          အောက်တိုဘာလ ၂၇ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော် ဒေသနှင့် နေရာအချို့တွင် ဖြစ်ပေါ်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ဝင်များ၏ အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း နိုင်ငံရေးပါတီအချို့မှ ထုတ်ပြန် လိုက်သည်။

          အောက်တိုဘာ ၂၉ ရက်က ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ထုတ်ပြန်ရာ တွင် လက်နက်ကိုင် အဖွဲ့ဝင်များသည် ချင်းရွှေဟော်ဒေသနှင့် နေရာအချို့အား အကြမ်းဖက်ဝင် ရောက်၍ တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်ကာ အပြစ်မဲ့ ပြည်သူအချို့အား ဖမ်းဆီးခေါ်ဆောင်သွား ခြင်း၊ အရပ်ဘက်နေရာ၊ လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ရေးသားထားသည်။

          အဆိုပါ အကြမ်းဖက်လုပ်ရပ်များ ကို USDP ပါတီအနေဖြင့် လုံးဝ(လုံးဝ)လက် မခံဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်၌ ရေးသားထားပြီး ပြည်သူလူ ထု အသက်အိုးအိမ်ပျက်စီးပြီး ပြည်တွင်း တည်ငြိမ်မှုပျက်ပြားအောင် အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးခြင်းသည် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြု၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွား ပျက်ပြားအောင် ဆောင်ရွက် သည့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ကြောင်း လည်း ပါတီ၏ ထုတ်ပြန်ချက်၌ ရေးသားထား သည်။

          အမျိုးသား ဒီမိုကရေစီပါတီသစ် ကလည်း အောက်တိုဘာလ ၃၀ ရက်တွင် ထုတ်ပြန်ရာ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည် ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်သည့် အကြမ်းဖက်လုပ်ရပ်များ၊ အပြစ်မဲ့ပြည်သူ များကို ဖမ်းဆီးသတ်ဖြတ်သည့် အကြမ်းဖက် လုပ်ရပ်များနှင့် အများပြည်သူ သွားလာနေ သည့် လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီး သည့် အကြမ်းဖက်လုပ်ရပ်များအား ပြင်း ထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန် ထားသည်။

Total Views ~ 175

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43874

© 2022 - 2025 News. All Rights Reserved.