၂၀၂၃ အောက်တိုဘာ ၂၃
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြက်ဥလိုအပ်ချက်နေ့စဉ်ရှိနေ၍ အေးသာယာစက်မှုဇုန်ရှိ ရှမ်းရိုးမမွေးမြူရေး ဇုန်အား တိုးချဲ့နိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင် ရေးအတွက် ကူညီပေးသွားမည်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
အောက်တိုဘာလ ၂၁ ရက်က တောင်ကြီးမြို့ အေးသာယာစက်မှုဇုန် အ တွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန် လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစဉ်ပြော ကြားခဲ့ခြင်းဖြစ်ပြီး ဒေသထွက်စိုက်ပျိုးမွေးမြူ ရေး ထုတ်ကုန်များကို အခြေခံသည့် စက်မှု လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး၊ နို့နှင့်နို့ ထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနေရမှု လျော့နည်းသွားစေရေးတို့အတွက် နို့စားနွား မွေးမြူရေးကို ဆောင်ရွက်ရန် အေးသာယာ စက်မှုဇုန်အား ဦးစွာရည်ရွယ်၍ အကောင် အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် အခက်အ ခဲများ ဖြစ်ပေါ်ခဲ့ချိန်တွင် ရှမ်းရိုးမမွေးမြူရေးဇုန်မှ ကြက်ဥများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေအတွက် များစွာ ဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေခဲ့သဖြင့် ရှမ်းရိုးမမွေးမြူရေးဇုန် တိုးချဲ့နိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရန် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး သွားမည်ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)အနေဖြင့် အစာစပ်စက်ရုံ ဆောင်ရွက်ပြီး မွေးမြူရေး အစာလို အပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေရှိကာ မွေးမြူရေးအစာ ထုတ်လုပ်ရန် ဒေသတွင်း ထွက်ရှိသည့် ကုန်ကြမ်းများလည်း ရှိပြီးဖြစ်၍ အစာစပ်စက်ရုံကို စနစ်တကျဆောင်ရွက်ပြီး ဒေသတွင်းနှင့် နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူး ပေးရမည်ဟု ဆိုသည်။
အေးသာယာစက်မှုဇုန်သည် တစ်နိုင်ငံလုံးသို့ ကြက်ဥများ အဓိကဖြန့်ဖြူးသည့် နေရာဖြစ်၍ ကြက်ခြံများ တိုးချဲ့နိုင်ရန် သမားရိုးကျ နည်းလမ်းများအပြင် ခေတ်မီနည်းစနစ်များဖြင့် တိုးချဲ့ ဆောင်ရွက်သင့်ပြီး အလုံပိတ် အအေးခန်းစနစ်ဖြင့် အဆင့်မြင့်ကြက်မွေးမြူခြင်းသည် အရင်းအနှီးများ သော်လည်း ဇီဝလုံခြုံမှုအပြည့်အဝရှိကာ အထွက်နှုန်း ကောင်းမွန်ခြင်း၊ အရည်အသွေးမြင့် ကြက်ဥများရရှိနိုင်ခြင်းအပြင် အခြားအကျိုး ကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကာ အေးသာယာစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးမည်ဖြစ်၍ သက်ဆိုင်ရာဦးစီးဌာ နများ၊ ဝန်ကြီးဌာန များနှင့် ပြည်နယ်အဆင့်တို့မှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြား ခဲ့သည်။