ရှုပ်ထွေးနေသည့် အင်တာနက်ဆက်သွယ်ရေးကြိုးများ စနစ်တကျ ပြန်လည်မသွယ်တန်းပါက သက်တမ်းတိုးခွင့်မပြုဟုဆို

ရန်ကုန် သြဂုတ် ၂၈

            ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ၊ သွယ်တန်းမှုစနစ်တကျ ဖြစ်စေရေးပြန်လည် ဆောင်ရွက်သွားမည်ဖြစ်ကာ အင်တာနက်လိုင်းများအား ကုမ္ပဏီများအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်၊ စာချုပ်ပါအတိုင်း ဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီများအား ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် စာချုပ်သက်တမ်းတိုးပေးမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

            အဆိုပါ ကိစ္စရပ်များ ဖြေရှင်းရေး ညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး  တိုင်းဒေသကြီးသယံဇာတရေးရာ ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရန်ကုန်မြို့တော်ကြီးကို စိမ်းလန်းသာယာလှပရေး၊ မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရေးကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးတိုင်များနှင့် လျှပ်စစ်ဓာတ်တိုင်များပေါ်၌ သွယ်တန်းထားသော လမ်းဘေးဝဲယာရှိ ကြိုးများသည် ရှုပ်ထွေး၍ အမြင်မတင့်တယ်မှုများကို တွေ့မြင်နေရကြောင်း၊ ထိုသို့ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ စနစ်တကျဖြစ်စေ ရေး မြေပြင်တွင် ဆောင်ရွက်လျက်ရှိသော ဆက်သွယ်ရေး (Operator) ကြီးလေးခု၊ ဆက်သွယ်ရေးကြိုးများ သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့်  Last Mil  ကုမ္ပဏီ ခြောက်ခု၊ Smart Pole ကုမ္ပဏီလေးခု၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီတွင် မှတ်ပုံတင်ထားသော ဆက်သွယ်ရေး ကုမ္ပဏီ ၂၃ ခုတို့သည် ရှုပ်ထွေး၍ အမြင်မတင့်တယ်မှု ဖြစ်နေမှုများကို အမြန်ဆုံးရှင်း လင်းပြီး  စနစ်တကျဖြစ်အောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

            ထို့အပြင် ၂၀၂၁ ခုနှစ်တွင် စာချုပ်ချုပ်ဆိုပြီးဖြစ်သော ကုမ္ပဏီ ၁၀ ခုတို့ သည် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သော ကြိုးများရှုပ်ထွေးခြင်းအား ရှင်းလင်းခြင်းလုပ်ငန်း၊ ပြည်လမ်းတစ်လျှောက်နှင့် ကမ္ဘာအေးဘုရားလမ်း၊ ဝေဇယန္တာလမ်းအား Under Ground သို့ သွယ်တန်းခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးခြင်းမရှိပါက စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်တွဲထားသော အင်တာနက်လိုင်းများအား ကုမ္ပဏီများအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်၊ စာချုပ်ပါအတိုင်း ဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီများအား ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် စာချုပ်သက်တမ်းတိုး ပေးမည်မဟုတ်ကြောင်းနှင့် စာချုပ်ပါစည်း ကမ်းများအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ သည်။

            ထို့အပြင် လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြကြရန်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပူးပေါင်းကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ သွယ်တန်းမှု စနစ်တကျဖြစ်စေရေး ဆွေးနွေးပြောကြား သည်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ သွယ်တန်းမှု စနစ်တကျဖြစ်စေရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အမြန်ဆုံး ပြီးစီးရေး ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

Total Views ~ 191

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43780

© 2022 - 2025 News. All Rights Reserved.