ရန်ကုန်၊ အောက်တိုဘာ ၁၇
လက်နက်ကိုင် အကြမ်းဖက်တောင်း ဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွား မည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၉)နှစ်မြောက် နှစ်ပတ်လည်နေ့မိန့်ခွန်းမှတစ်ဆင့် ထည့်သွင်းပြော ကြားခဲ့သည်။
တပ်မတော်အနေနှင့် NCA စာချုပ်ဖြစ်ပေါ်လာပြီး သုံးနှစ်အကြာကတည်းက နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်လို လားသည့်စိတ်ဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမှုများကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာပြီး လိုက်လျောဆောင်ရွက်ပေးခဲ့ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒများကို ချမှတ်ခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားမှုများ၊ လိုက်ပါဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်သည့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ကြရန်အတွက်လည်း ဖိတ်ခေါ်မှုများကို ပြုလုပ်ခဲ့ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများသည် နိုင်ငံရေးအမြင်မတူမှုများမှတစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်၍ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းကြဖို့ ဖိတ်ခေါ်မှုများ ပြုလုပ်လျက်ရှိပြီး အားလုံးကနိုင်ငံ့အကျိုးအတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွင် ပါဝင် လျှောက်လှမ်းကြရ မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြော ကြားခဲ့သည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထု၏ ရေရှည်အကျိုးကိုမျှော်ကိုးပြီး နိုင်ငံတော်အပေါ် ကျရောက်လာသည့် ဘေးအန္တရာယ်အရပ်ရပ်ကို ကာကွယ်ဖို့ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူကြောင်း၊ ၂၀၂၁ ခုနှစ်မှာ မမျှော်လင့်ဘဲ ဖြစ်ပေါ်ခဲ့ရသည့် မြန်မာ့နိုင်ငံရေးအ ပြောင်းအလဲဖြစ်စဉ်မှာ တချို့သော EAO များက NCA ကတိကဝတ်များကို ဖောက်ဖျက်ပြီး NUG ? CRPH အမည်ခံ အကြမ်းဖက်အဖွဲ့တို့ကို တစ်ဖက်လှည့်နည်းဖြင့် ထောက်ခံအားပေးခဲ့သလို ထိုအကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကိုလည်း ထောက်ပံ့မှု မျိုးစုံပေးပြီး အားပေးအားမြှောက်တွေပြုခဲ့ကြခြင်း၊ ထို့ကြောင့်နိုင်ငံတစ်ဝန်း တည်ငြိမ်အေး ချမ်းမှုတွေ အားနည်းခဲ့ရပြီး ပြည်သူလူထုမှာလည်း အကြောက်တရားများနှင့် ကျီးလန့်စာ စားတဲ့ ဘဝကိုရောက်ရှိခဲ့ကြရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာမှာ စတင်ခဲ့သည့် MNDAA ? TNLA ? AA .အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကလည်း ပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမို ဆိုးရွားစေခဲ့သလို ယင်းမတိုင်မီမှာလည်း KNPP ? KNDF ? PNLO ? KIA နှင့် KNU လက်နက်ကိုင်သောင်း ကျန်းသူများသည် နယ်မြေဒေသအသီးသီးမှာ အဖျက်အမှောင့်လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြ၍ အကျိုးဆက်အဖြစ် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရကြောင်း၊ ထိုအကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် အမျိုးမျိုးသောပံ့ပိုးမှုတွေ အဓိကပါဝင်နေတာကိုလည်း တွေ့ရှိရသည့်အတွက် ယင်းအချက်ကို အစိုးရက မှန်ကန်စွာရှုမြင်ပြီး နိုင်ငံတော်၏ အကျိုးစီးပွားကို မထိခိုက်အောင်ကာကွယ် နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုကြီး ထာဝရငြိမ်း ချမ်းရေးရရှိစေဖို့အတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိသလို ထိုတွေ့ဆုံမှုတွေကနေ ရရှိလာသည့် သဘောထားမှတ်ချက်များကို Union Accord အဖြစ် မှတ်တမ်းတင်ထားရှိခဲ့ကြောင်း NCA ကနေတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပပျောက်သွားမှသာ မျှော်မှန်းထားတဲ့ပန်းတိုင်ကို အရောက်သွားနိုင်မည် ဖြစ်ကြောင်း "အားလုံး အတူတကွ မြန်မာဆိုတဲ့စိတ်နဲ့ ရှေ့ဆက်ကြ ဖို့ပဲလိုပါတယ်။ ဒီလိုမ ဟုတ်ဘဲလက်နက်ကိုင် အကြမ်းဖက် လုပ်ရပ်တွေကို အားပေးထောက်ခံပြီး မိမိတို့နိုင်ငံ သားချင်း သွေးမြေကျအောင် ကြံစည်ဆောင်ရွက်နေတဲ့ ပြည်ပနိုင်ငံတွေရဲ့ သွေးထိုး မြှောက်ပင့်မှုတွေအပေါ် ယုံစားနေကြဦးမယ်ဆိုရင် ကျွန်တော်တို့သွားလိုတဲ့ အနာဂတ်နိုင်ငံတော်ခရီး ဟာ အလှမ်းဝေးနေဦးမှာပဲ ဖြစ် ပါတယ်"
ယနေ့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံ များ၏ သြဇာလွှမ်းမိုးချုပ် ကိုင်လိုသည့်အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်မ တော်မှ ဆောင်ရွက် နေသည့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး လုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပူးပေါင်းပါဝင်ပြီး မိမိတို့၏ လိုလားချက်များ ကို တွေ့ဆုံဆွေးနွေးမှုများမှ ညှိနှိုင်းကြဖို့၊ တောင်းဆိုကြရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။
"နိဂုံးချုပ်အနေနဲ့ပြောရရင် လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေ မှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေအ ပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ 'ရှေ့သို့ချီမည် ပန်းတိုင်ဆီ' ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့အားလုံး 'မြန်မာ'ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ရှေ့ကို ချီတက်ကြတဲ့နေရာမှာ NCA ကို လေးစား လိုက်နာပြီး ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်"ဟူ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်သည့်နေရာတွင် ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည့်စိတ် ဖြင့် အချင်းချင်းပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ချမှတ်ထားပြီးသား ကတိကဝတ်များ ကို လိုက်နာစောင့်ထိန်းသွားကြရန်၊ သန်းခေါင်စာရင်းကောက်ယူပြီး ဖြစ်ပေါ်လာမည့်ရွေး ကောက်ပွဲ ဆိုင်ရာ အကြိုလုပ်ငန်းစဉ်ကဏ္ဍများတွင် EAO များရော၊ တိုင်းရင်းသားပြည် သူတစ်ရပ်လုံးကပါ လုံခြုံရေးအသိ၊ လုံခြုံရေး အမြင်များထားရှိပြီး ကိုယ်စီကိုယ်စီတစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့ဖြင့် နိုင်ငံ့သားကောင်းစိတ်ဓာတ်တို့ကို ပြသကြရန်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်နေကြတဲ့ အကြမ်းဖက်သ မားများ အလုံးစုံချုပ်ငြိမ်း အဆုံးသတ်သွားနိုင် ရေးအတွက် အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်သွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
နဒီ