လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းမှ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် သိပ်နောက်ကျသွားလိမ့်မယ်။ ဆန့်ကျင်သူတွေရှိတာ မထူးဆန်းဘူးဟု ဒေါ်ညိုညိုသင်းပြော

နေပြည်တော်၊ ဇွန် ၁၈ 
    လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှသာ ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် နိုင်ငံအတွက် သိပ်နောက်ကျသွားလိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါ်ညိုညိုသင်းက ပြောသည်။ 
    "အခု တိုင်းပြည်အခြေအနေက တော်တော်လေးကို မကြုံစဖူး အခက်အခဲအကျပ်အတည်းတွေနဲ့ တွေ့နေရတယ်။ အဲဒီလိုကာလမှာ ရွေးကောက်ပွဲကလည်း မဖြစ်မနေ ဖြတ်သန်းရမယ့် နိုင်ငံရေးခရီးစဉ်တစ်ခုပါ။ ရွေးကောက်ပွဲမရှိရင် အာဏာရှင်စနစ် ကရှိနေမယ်။ ဒါကြောင့် ရွေးကောက်ပွဲ နဲ့တက်လာတဲ့ အစိုးရတစ်ရပ်ကို မဖြစ်မနေ ဖန်တီးပေးဖို့ နိုင်ငံရေးသမားတွေရော၊ ပြည်သူထူထုမှာရော တာဝန်ရှိတယ်။ အထူး သဖြင့် အခုလို မြန်မာနိုင်ငံရဲ့အခြေအနေမျိုးမှာ ပိုပြီးလိုအပ်တယ်။ ဒါကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ဘယ်လောက်ပဲရှိရှိ ရွေးကောက်ပွဲဆိုတဲ့လုပ်ငန်းစဉ်က လုပ်ကိုလုပ်ရမယ်။ တချို့တွေကပြောတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းမှ ရွေးကောက်ပွဲ လုပ်သင့်တယ်ဆိုပြီး တော့ ပြောတာတွေရှိတယ်။ အဲဒီလို ပြောတာတွေကလည်း မမှားဘူး။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံမှာ ဖြစ်နိုင်တာက အရင်ဘာလဲ။ လက်တွေ့ကျကျ ဖြစ်နိုင်တာက လက်နက်ကိုင်ပဋိပက္ခတွေ အားလုံး ချုပ်ငြိမ်းမှ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် နိုင်ငံအတွက် သိပ်နောက်ကျသွားလိမ့်မယ်။ လက် နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ဆိုတာ မြန်မာနိုင်ငံအနေအထားမှာ တော်တော်လေးကို ခက်ခဲတဲ့ အနေအထား ဖြစ်တယ်။ သူတစ်လူ ငါတစ်မင်းနဲ့ အခုဆို လက်နက်တွေအများကြီးနဲ့ လက်နက်ကိုင် နိုင်တဲ့အုပ်စုတွေ အများကြီးဖြစ်သွားပြီ။ အဲဒီတော့ ဒီလိုပြောင်းလဲနေတဲ့ ရေစီးကြောင်းမှာ အသင့် တော်ဆုံး၊ အကောင်းဆုံး ဖြစ်နိုင်တဲ့လမ်းက ဘာလဲဆိုတော့ အမြန်ဆုံး ရွေးကောက်ပွဲနဲ့ တက်တဲ့အစိုးရတစ်ရပ်ပေါ်ဖို့ပဲ။ ဒါကြောင့်မို့ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ရော၊ နိုင်ငံရေးသမားတွေ အနေနဲ့ရော၊ နိုင်ငံရဲ့အနာဂတ်ကို အေးချမ်းစေချင်တဲ့ ပညာရှင်တွေအနေနဲ့ရော စဉ်းစားသင့်တာက ရွေး ကောက်ပွဲတစ်ရပ် အမြန်ဆုံးဖြစ်လာဖို့ပါ။ တောင်းဆို သင့်တယ်။ နိုင်ငံနဲ့တစ်ဝန်း ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ ကြိုး စားသင့်တယ်"ဟု ၎င်းက ပြောသည်။
    မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်လျှင် ရွေးကောက်ပွဲတိုင်းကို ဆန့်ကျင်သည့် အုပ်စုများရှိခဲ့ခြင်းကြောင့် ဆန်းပြားသည့် ကိစ္စမဟုတ်ကြောင်း ဒေါ်ညို ညိုသင်းက ပြောသည်။ 
    "မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကိုပြန်ကြည့်လိုက်ရင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူဆိုတာ ရွေးကောက်ပွဲတိုင်းမှာရှိခဲ့တယ်။ ဒါကမဆန်းဘူး။ လွတ်လပ်ရေး ရပြီးကတည်းက နိုင်ငံရဲ့သမိုင်း ကြောင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲတိုင်းမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အုပ် စုဆိုတာရှိတယ်။ ဒါကလည်း မဆန်းဘူး။ မြန်မာနိုင်ငံအနေအထားမှာ ဆန့်ကျင်တဲ့သူတွေ ဆန့်ကျင်ကြပါစေ၊ သူတို့ရဲ့ အခွင့်အရေးဖြစ်တယ်။ ကျွန်မတို့ကတော့ ပြည်သူလူထုအတွက်ဖြစ်တဲ့ ရွေးကောက်ပွဲကို တွန်းအားပေးသင့်တယ်။ ပြည်သူတွေ လွတ်လွတ် လပ်လပ် စဉ်းစားစေချင်တယ်။ ရွေး ကောက်ပွဲနဲ့တက်လာတဲ့ အစိုးရတစ်ရပ်ကို မရဘူးဆိုရင် တပ်မတော်အစိုးရကို အကြာကြီးဆက်ပြီး အုပ်ချုပ်စေချင်တာလား။ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရနဲ့ အခုလက်ရှိ အုပ်ချုပ်နေတဲ့ တပ်မတော် အစိုးရနဲ့ ဘယ်ဟာပိုကြိုက်လဲ။ ဒါပြည်သူက ရွေးချယ်ရမှာ။ လက်ရှိအစိုးရကို ကြိုက်တယ်ဆိုရင် ရွေးကောက်ပွဲကို မလုပ်ဘဲထားရုံပဲ"ဟု ၎င်းကပြောသည်။ 
    လက်နက်ကိုင်အဖွဲ့တချို့နှင့် အကြမ်းဖက်အားပေး NUG တို့က ရွေးကောက် ပွဲကို မပျက်ပျက်အောင်ဖျက်မည်ဟု ကြေညာထားသော်လည်း လက်ရှိ တရားဝင်အစိုး ရနစကအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ကွန်းဈာန်

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45604

© 2022 - 2025 News. All Rights Reserved.