၂၀၂၄ ၊ ဇန်နဝါရီ ၁၀
လက်နက်ကိုင်အဖွဲ့များ နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတများကို ဥပဒေမဲ့ ထုတ်လုပ်ရောင်းချနေကြကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(T.N.D.P)မှ ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်ထားသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မှတ်ပုံတင် ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးပွဲကို ဇန်နဝါရီ ၆ ရက်က နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ငုရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံ ဆွေးနွေးပွဲ တက်ရောက်ခဲ့မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ယင်းအချက်ကို ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ(T.N.D.P) ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင် တက်ရောက်ခဲ့ပြီး ဒီမိုကရေစီစနစ် ရှင်သန်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းရန်၊ နိုင်ငံရေးပါတီများ ခိုင်မာအားကောင်းစေဖို့ နိုင်ငံတော်မှ ကူညီပံ့ပိုးပေးရန် လိုအပ်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဥပမာအနေဖြင့် နိုင်ငံတော်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နိုင်ငံရေး ပါတီများမှ တည်ထောင်ထားသော ကုမ္ပဏီများအား ဦးစားပေးလုပ်ကိုင်ခွင့် ပေးစေလို ကြောင်း၊ သို့မှသာ အရည်အသွေးပြည့်မီ သော လမ်းတံတား၊ အဆောက်အအုံများဖြစ် ပေါ်လာမည်ဖြစ်ကြောင်း၊ အရည်အသွေး မပြည့်မီပါက ပြည်သူများမှ နိုင်ငံရေးပါတီ များအား မဲပေးတော့မည် မဟုတ်ကြောင်း၊ နိုင်ငံတော်၊ ပြည်သူများနှင့် နိုင်ငံရေးပါတီ များအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်ကြောင်း ပါတီမှ ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ယခုအခါ လက်နက် ကိုင်အဖွဲ့များသည် နိုင်ငံတော်၏ မြေပေါ် မြေအောက် သယံဇာတများကို ဥပဒေမဲ့ ထုတ်လုပ် ရောင်းချနေကြသည့်အတွက် နိုင်ငံတော်နှင့် ပြည်သူတွေအ တွက် အင်မတန်နစ်နာကြောင်းတို့ကို ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က တင်ပြဆွေးနွေးခဲ့ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီ(T.N.D.P)မှ ထုတ်ပြန်ခဲ့ သည်။