Breaking

လက်နက်ကိုင်၊ အကြမ်းဖက်အဖွဲ့များက နိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်နေ

၂၀၂၃ နိုဝင်ဘာ ၂၇
    လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနှင့် တိုက်ခိုက်နေပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်နေသော်လည်း လျှပ်စစ်ဓာတ်အားပေးလိုင်းများ ပျက် စီးရခြင်း၊ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံများပျက်စီးရခြင်းကြောင့် နိုင်ငံ၏ လူမှုစီးပွားဘ၀သည် တိုးတက်သင့်သလောက် မတိုးတက်ဘဲ နှင့် နှောင့်နှေးနေကြောင်း နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
    နိုဝင်ဘာလ ၂၆ ရက်က NUG ၊ PDF များနှင့် EAO အဖွဲ့များမှ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား တိုက်ခိုက်လျက်ရှိသည့် အ ခြေအနေများနှင့် ပတ်သက်၍ "နိုင်ငံတစ် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုဘ၀ မြင့်မားစေဖို့နဲ့ လူမှုစီးပွားဘဝလုံခြုံတိုးတက်စေဖို့အတွက် အဓိကက လျှပ်စစ်စွမ်းအားကဏ္ဍက အရေးကြီးပါတယ်။ NUG ၊ PDF သောင်းကျန်းသူများနဲ့ အချို့သော EAO အဖွဲ့များဟာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ အဓိကထား တိုက်ခိုက်နေတာ ကိုလည်း တွေ့ရပါတယ်။ ပြည်သူလူထုရဲ့ အသက်အိုး အိမ်စည်းစိမ်၊ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး အပြင် လျှပ်စစ်ကဏ္ဍကို လည်း ဖျက်လိုဖျက်ဆီး လုပ်နေတာကိုလည်း တွေ့ရပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။
    ဆက်လက်၍ "ဒီလိုဆောင်ရွက်တဲ့နေရာမှာ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၈၁ ခုပျက်စီးခဲ့ကြောင်း တွေ့ရပါတယ်။ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာ အဓိကဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ကယား ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍသည် တစ်နိုင်ငံလုံး လိုအပ်တဲ့အတိုင်းအတာ အထိပေးနိုင်တဲ့ လုံလောက်မှု မရှိသေးပါဘူး။ ဒီ မလုံလောက်တဲ့ကြားထဲကနေ နိုင်ငံတော် အစိုးရအနေနဲ့၊ အစိုးရအဆက်ဆက်အနေနဲ့ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု ပြောကြားသည်။
    ၂၀၂၁ ခု ဖေဖော်ဝါရီမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်အထိ လက်နက်ကိုင်အဖွဲ့များသည် လျှပ်စစ်ဓာတ်အားပေးလိုင်း များနှင့် တာဝါတိုင်များကို မိုင်းထောင်ဖောက် ခွဲခြင်းများ၊ လျှပ်စစ်ဓာတ်အား ခွဲ စက်ရုံများ ကို အဝေးမှပစ်ခတ်ခြင်းများနှင့် Drop Bo-mb  ချပြီး တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Total Views ~ 152

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43919

© 2022 - 2025 News. All Rights Reserved.