၂၀၂၃ စက်တင်ဘာ ၆
ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့ရှိ တပ်နယ် ခန်းမများ၌ ပြုလုပ်ခဲ့ပြီး လက်နက်နှင့် အလင်းဝင်လာသူ PDF အဖွဲ့ဝင် ၁၀ ဦးအတွက် ထောက်ပံ့ကြေး သိန်း ၂၅၀ ကျော်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်၊ ဝက်လက် မြို့နယ်နှင့် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ကိုဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသည့် M – 416 မောင်းပြန်သေနတ်တစ်လက်၊ M-16 ကျည်အိမ်တစ်ခု၊ ၅ ဒသမ ၅၆ ကျည် ၂၅ တောင့် နှင့် လက်ပစ်ဗုံးတစ်လုံးတို့အား အပ်နှံခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်နက်များကို စစ် ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက လက်ခံရယူကြပြီး M – 416 မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ တစ်ဦးအား ဆုကြေးငွေ သိန်း ၅၀ ကျပ်၊ လက်ပစ်ဗုံးတစ်လုံးဖြင့် အလင်းဝင် ရောက်လာသူ တစ်ဦးအား ဆုကြေးငွေ ကျပ် သုံးကျပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ကျပ်သိန်း ၂၀၊ စုစုပေါင်းငွေကျပ် ၂၅၃ သိန်း၊ ထောက်ပံ့ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ အလင်းဝင်ရောက်လာသူများက လက်ခံရယူကြသည်။ ယင်းနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံ ကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ သူများကို လိုအပ်သည့်ကူညီ ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ် ပြန်ထားသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက် လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လို အပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများ သို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံပေးသွားမည်ဖြစ်ကြောင်း သိ ရသည်။