Breaking

လမ်းအသုံးပြုခကောက်ခံရရှိငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး လက်လုပ်ပြေစာများ အသုံးမပြုဘဲ CCTV နှင့် Computer စနစ်ဖြင့်သာ ဆောင်ရွက်ရန် ဒုဝန်ကြီးမှာကြား

၂၀၂၄ ၊ ဇန်နဝါရီ ၃၁
    လမ်းအသုံးပြုခ ကောက်ခံရရှိ ငွေများလေလွင့်ဆုံးရှုံးမှုမရှိစေရေး လက်လုပ်ပြေစာများ အသုံးမပြုဘဲ CCTV နှင့် Computer စနစ်ဖြင့်သာ ဆောင်ရွက်ရန်  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက မှာကြားခဲ့သည်။
    ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီ ၂၉ တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ ဖြူးတိုးဂိတ်မှ လမ်းအသုံးပြုခ ကောက်ခံနေသည့် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများနှင့် ဖြူး (Rest Camp) ယာဉ်ရပ်နားစခန်းအတွင်းရှိ EV Charging Station အသုံးပြုဆောင်ရွက် နေမှုများကို ကြည့်ရှုစစ် ဆေးခဲ့စဉ် အထက်ပါအတိုင်း မှာကြားခဲ့ခြင်း ဖြစ်သည်။
    လမ်းအသုံးပြုခ ကောက်ခံရရှိငွေများ အပြည့်အဝရရှိရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ CCTV နှင့် Computer စနစ်ဖြင့်သာ ဆောင်ရွက်ကာ လက်လုပ်ပြေစာများ လုံးဝအသုံးမပြုစေရေး၊ ယာဉ်ရပ်နားစခန်း အတွင်း တရားမဝင်ဆိုင်ခန်းများ ရောင်းချခြင်းမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ အလေးထား ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။
    ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၄၅/၂) နှင့်(၄၅/၃)အကြားရှိ ကြတ်ချောင်းလက်တက်တံတား ချဉ်းကပ်လမ်း ကျောက်စီခြင်း၊ မြေဖို့ခြင်းနှင့် Gabion Wall ဖြင့် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မိုင်တိုင်အမှတ်(၁၃/ဝ) မှ(၁၄/ဝ)အထိ (နေပြည်တော်-ရန်ကုန် လမ်းပိုင်း)ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေ မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ တင်ပြချက်များနှင့် စပ်လျဉ်း၍  လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည် အသွေးများရရှိရေး အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သတ်မှတ်လမ်းဒီဇိုင်း များအတိုင်း သာ ဆောင်ရွက်ရန်ဖြစ်ပြီး ယာဉ်များသွားလာရာတွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် ဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက မှာကြားခဲ့သည်။
    ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့က  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ အမှတ်(၃)လမ်းဆုံ တိုးဂိတ်တွင် လမ်းအသုံး ပြုခကောက်ခံ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

Total Views ~ 174

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43996

© 2022 - 2025 News. All Rights Reserved.