လာမည့်ခရီးသွားရာသီ ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရန် ခရီးစဉ်ဒေသများကို နည်းလမ်းပေါင်းစုံဖြင့် မြှင့်တင်ကြော်ငြာနိုင်ရေး ကြိုတင်ပြင်ဆင်နေ

ရန်ကုန်၊ အောက်တိုဘာ ၂
    လာမည့်ခရီးသွားရာသီ ကာလအတွင်း ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရန်အတွက် ခရီးစဉ်ဒေသများကို နည်းလမ်းပေါင်းစုံဖြင့် မြှင့်တင်ကြော်ငြာဆောင်ရွက်ရေးအတွက် ကြိုတင်ပြင်ဆင်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးစဉ်ဒေသများသို့ လာမည့်ခရီးသွား ရာသီကာလအတွင်း ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရန် မြှင့်တင်ကြော်ငြာဆောင်ရွက်ရေးနှင့် သွားလာလည်ပတ်မှု အဆင်ပြေစေရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃၀ ရက်က ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြသည်။
    ယင်းအစည်းအဝေးတွင် လာမည့်ခရီးသွားရာသီကာလတွင် မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်းပြည်ပ ခရီးသွားများအဆင်ပြေချောမွေ့စွာ ပိုမိုလာရောက်လည်ပတ်ကြစေရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်နှင့် ခရီးသွားအသင်း အဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့်ပူးပေါင်း၍ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် မိမိတို့ဒေသရှိခရီးစဉ်များကို ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ကြောင်း ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများက သိရှိရန်လိုသည့်အတွက် ဒေသများကို မိမိတို့ခရီးစဉ်နည်းလမ်းပေါင်းစုံဖြင့် မြှင့် တင်ကြော်ငြာ ဆောင်ရွက်ရန်နှင့် ရုံးခွဲများ နှင့် ရုံးချုပ်တို့ပေါင်းစပ်ပြီး ထိုးဖောက်ဆောင်ရွက်ရန်တို့ကို ပြည်ထောင်စုဝန်ကြီးကမှာ ကြားခဲ့သည်။
    နိုင်ငံတော်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အ ထူးအလေးထား သဖြင့် ဝန်ကြီးဌာနရှိ ရုံးချုပ်နှင့် နယ်ရုံးခွဲများက ဝန်ထမ်းများအားလုံး ဟန်ချက်ညီစွာ ကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားခဲ့သည်။
    ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက   ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ခေတ်နှင့်အညီ နည်းပညာရပ်များအသုံးချ၍ မြှင့်တင်ကြော် ငြာ ဆောင်ရွက်ကြရေး၊ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် ယင်းအစည်းအဝေးတွင် ပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေး မှူးများကလည်း ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုအခြေ အနေများ၊ ခရီးစဉ်ဒေသများသို့ ပြည်တွင်း၊ ပြည်ပခရီး သွားဧည့်သည်များ ဝင်ရောက်မှုအခြေအနေများ၊ ခရီးသွားလုပ်ငန်း အမျိုးအစားအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေ အနေများ၊ ခရီးစဉ် ဒေသအသစ်များ ဖော်ထုတ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လာမည့်ခရီးသွားရာသီကာလအတွင်း ခရီးသွားများသွားလာလည်ပတ်မှု အဆင်ပြေစေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် မြှင့်တင်ကြော်ငြာဆောင် ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများကို ရှင်းလင်းတင် ပြခဲ့ကြသည်။ နဒီ

Total Views ~ 179

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43741

© 2022 - 2025 News. All Rights Reserved.