လာမည့်ပွင့်လင်းရာသီကာလအတွင်း ဦးစားပေးသွားလာလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ ၁၄ ခု ဟိုတယ် ခရီး အကြံပြု

၂၀၂၃ စက်တင်ဘာ ၂၅
    လာမည့်ပွင့်လင်းရာသီကာလ အ တွင်း ဦးစားပေးသွား လာလည်ပတ်သင့်သည့် ခရီးစဉ်ဒေသ ၁၄ ခုကို ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ ခရီးသွားအကြံပြုချက် (၈/၂၀၂၃)ဖြင့် ထုတ်ပြန်ထားသည်။
    ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ လာမည့်ပွင့်လင်းရာသီကာလအတွင်း ဦးစားပေးသွားလာ လည်ပတ်သင့်သည့် အဆိုပါ ခရီးစဉ်ဒေသ ၁၄ ခုမှာ နေပြည် တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ၊ အင်းလေး၊ ကလော-တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်၊ ပူတာအို၊ ငွေဆောင်၊ ချောင်းသာနှင့် ငပလီကမ်းခြေများ ပါဝင်သည်။
    အဆိုပါ အကြံပြုချက်အရ ခရီးသွားဧည့်သည်များအနေဖြင့်  မြန်မာနိုင်ငံရှိ ရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်များဖြင့်  ထင်ရှားကျော်ကြားသည့် သမိုင်းဝင်ဘုရား၊ စေတီပုထိုးများ၊ ရှေးဟောင်း အဆောက်အအုံများ၊ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ် ကျေးမှု ဓလေ့စရိုက်များကိုပါ ကြည့်ရှုခံစား နိုင်မည်ဖြစ်ကြောင်း သိရပြီး ခရီးစဉ်ဒေသ ၁၄ ခု၏ ဒေသတစ်ခုချင်းဆီအလိုက် ခရီးသွားဆွဲဆောင်ရာ နေရာများနှင့် သွားလာလည်ပတ်ရာမှာ ဆောင်ရွက်နိုင်မည့် ဖော်ပြ ချက်များကိုလည်း ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၏ Website များတွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း အသိပေး ထားသည်။

 

Total Views ~ 199

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43814

© 2022 - 2025 News. All Rights Reserved.