ရန်ကုန်၊ သြဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ တပ်မတော်ဆေးရုံအား အကြမ်းဖက်အဖွဲ့အစည်းမှ ပြုမူဆောင်ရွက်မှု(ပစ်ခတ်တိုက်ခိုက်မှု)သည်စစ်ရေးနှင့် မသက်ဆိုင်သော အကြမ်းဖက်လုပ်ရပ် သက်သက်သာဖြစ်ကြောင်း သိသာထင်ရှားစေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Myanmar Farmers' Develop-ment Party-MFDP) က သြဂုတ်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းပါတီသည် တရားဝင်နိုင်ငံရေးပါတီအဖြစ် လွန်ခဲ့သောနှစ်များစွာကတည်းက တည်ထောင်ကာ နိုင်ငံတော်အကျိုးစီးပွား၊ တောင်သူလယ်သမားအကျိုးစီးပွားများကို တစ်ထောင့်တစ်နေရာမှနေ၍ ကူညီဆောင်ရွက်လျက်ရှိသော ပါတီဖြစ်ပြီး နိုင်ငံအတွင်း ပြည်သူများ စည်းလုံးညီညွတ်စွာဖြင့် တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရေးကို အစဉ်လိုလားကြောင်း ထုတ်ပြန်ခဲ့သည်။
ယခုအခါတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံအား အကြမ်းဖက်အဖွဲ့အစည်း MNDAA က အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် ဒေသခံပြည်သူများ၊ လူနာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ၎င်းင်းတို့၏ မိသားစုများ၊ ကိုယ်ဝန် ဆောင်သည်များ၊ ကလေးများ စသည်ဖြင့် အပြစ်မဲ့ပြည်သူအများအပြား သေကျေပျက်စီးခဲ့ကြကြောင်း စိတ်မကောင်း ဖွယ်ရာသိရှိရကြောင်း MFDP ပါတီမှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ အကြမ်းဖက်အဖွဲ့အစည်း MNDAA ၏ ပြုမူဆောင်ရွက်မှု (ပစ်ခတ်တိုက်ခိုက်မှု)သည် စစ်ရေးနှင့် မသက်ဆိုင်သော အကြမ်းဖက်လုပ်ရပ် သက်သက်သာဖြစ်ကြောင်း သိသာထင်ရှားနေသဖြင့် အဆိုပါ အကြမ်းဖက်အဖွဲ့အစည်း၏ ပြုမူဆောင်ရွက်မှုအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း MFDP ပါတီမှ သဘောထားထုတ် ပြန်ခဲ့သည်။
အကြမ်းဖက် သောင်းကျန်းသူများ ဖြစ်သည့် MNDAA? AA? TNLA နှင့် ၎င်းတို့နှင့် ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့ အစည်းများ၏ လူမဆန်စွာ အကြမ်းဖက်ရက် စက်ယုတ်မာသည့် လုပ်ရပ်များကို မိမိတို့ နိုင်ငံရေးပါတီများအနေဖြင့် သန်းပေါင်းများစွာသော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများကို ကိုယ်စားပြု၍ လုံးဝ(လုံးဝ)လက်မခံပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း နိုင်ငံရေးပါတီ ၂၅ ပါတီ၏ ပူးတွဲ သဘောထား ထုတ်ပြန်ခဲ့သည်။ အဆိုပါ နိုင်ငံရေးပါတီ ၂၅ ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီလည်း ပါဝင်ကာ ကန့်ကွက်ရှုတ်ချကြောင်း လက်မှတ်ရေးထိုးသဘောထား ထုတ်ပြန်ခဲ့သည်။
နဒီ