၂၀၂၃ အောက်တိုဘာ၁၀
ကချင်ပြည်နယ် လိုင်ဇာမြို့အနီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သတ်၍ တပ်မတော်အနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်နေပြီး အဆိုပါပေါက်ကွဲမှု မြေပြင်သတင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ကချင်ပြည်နယ် လိုင်ဇာမြို့အနီး လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်သည့် မုန်လိုင်ခက်စစ်ဘေး ရှောင်စခန်းတွင် အောက်တိုဘာ ၉ ရက် ညပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားကာ သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၅၆ ဦးရှိကာ ထိုထဲမှ ၄၄ ဦး ဆေးကုသနေရသည် ဟု KIA ပြောခွင့်ရသူက ပြည်ပအခြေစိုက် သတင်းဌာနများကို ပြောဆိုထားသည်။
"လိုင်ဇာသတင်းနဲ့ပတ်သတ်ပြီး ကျွန်တော်တို့အနေနဲ့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ တစ်ခုက ကျွန်တော်တို့အနေနဲ့ ဒီနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အမြဲတမ်း ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနယ်စပ်ဒေသနဲ့ နီးတဲ့နေရာမှာ ညဉ့်သန်းခေါင်းအချိန်လောက်ကြီးမှာ ဗုံးကြဲ တိုက်ခိုက်တယ်တို့ လက်နက်ကြီးနဲ့ပစ်ခတ် တယ်တို့ဆိုတာ ဖြစ်နိုင်သလားဆိုတာစဉ်းစား စေချင်ပါတယ်။ ကျွန်တော်တို့ပြောခဲ့ပြီး ဖြစ်တယ်။ တပ်မတော်အနေနဲ့က မည်သည့်ဌာန ချုပ်မဆို ဒါလက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ မည်သည့်ဌာနချုပ်မဆို ပစ်ခတ်နိုင် တယ်၊ တိုက်ခိုက်နိုင်တယ်။ သို့သော် ပစ်ခတ် တိုက်ခိုက်မှုမရှိခဲ့ဘူးဆိုတာ ပြောပြီးဖြစ်ပါတယ်။ အဲ့ဒီမှာ အဲ့ဒီအဖွဲ့အစည်းကိုယ်တိုင် က သတင်းအမျိုးမျိုးပြောနေတာ ရှိတယ်။ စစ်တပ်ကလေယာဉ်နဲ့ ပစ်ခတ်တယ်။ တပ်မ တော်ကလေ ယာဉ်နဲ့ ပစ်ခတ်တယ်။ တချို့လည်း လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတာမျိုး မတိကျမရေမရာ ပြောနေတာမျိုးရှိတယ်။ကျွန်တော်အတိအကျပြောနိုင်တာကတော့ အဲ့ဒီနေရာပေါ့။ အခုပေါက်ကွဲ မှုဖြစ်တဲ့နေရာသည် KIA သည်မောင်းသူမဲ့လေယာဉ်တွေ သုံးပြီးတော့ တပ်မတော်စခန်းတွေကို Droup ဗုံးလာချတဲ့နေရာ စစ်ကြောင်းတွေကို Droup ဗုံးလာချတဲ့နေရာဖြစ်တယ်။ ဒါကြောင့် ဒီမှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်။ ပေါက်ကွဲမှုသည် ဘာကြောင့် ဖြစ်တယ်ဆိုတာ စုံစမ်းနေဆဲဖြစ်တယ်။ ယခင်တုန်းကလည်း ကျွန်တော်တို့ဒီ လိုင်ဇာအနီးမှ KIA ရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခုပေါက် ကွဲခဲ့တယ်။ သူတို့အနေနဲ့ သတင်းဖုံးကွယ်ပြီး လုပ်ခဲ့တာမျိုးရှိတယ်။ အခုလည်း Droup ဗုံး တွေသိုလှောင်တဲ့နေရာ ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ သုံးသပ်တယ်။ မြေပြင်သတင်းကိုတော့ စုံစမ်းနေဆဲလို့ ပြောချင်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
KIA ပြောရေးဆိုခွင့်ရှိသူကလည်း ယင်းဖြစ်စဉ်အပေါ် ပြည်ပအခြေစိုက်သတင်း ဌာနများကို "လေယာဉ်ပျံသန်းနေတဲ့အသံတော့ မကြားဘူး။ ဒရုန်းနဲ့များ ပစ်တာလားလို့ သုံးသပ်နေပါတယ်။ အခုထက်ထိကတော့ သေသွားတဲ့အလောင်းက ၂၉ လောင်းတွေ့ ရပါတယ်။ ထိခိုက်ဒဏ်ရာရတာကေ တာ့ ၅၆ ယောက်ရှိပြီး ဆေးဝါးကုသမှုခံနေရတာကတော့ ၄၄ ယောက်ရှိပါတယ်။ သေသွားတဲ့ သူတွေထဲမှာ ကလေးတွေ လူကြီးတွေလည်း ပါပါတယ်။ ဒါပေမဲ့ တိတိကျကျခွဲခြားလို့ကတော့ မရသေးဘူး။ အခုထိ ရှာနေတုန်းပဲ ဖြစ်ပါတယ်"ဟုပြန်လည်ဖြေကြားမှုကို သိရှိရသည်။