ရန်ကုန်၊ အောက်တိုဘာ ၁၆
အလုပ်သမားရေးအမည်ခံ ပြည်ပရောက်နေသူများက Article 33 ဟု ခေါ်ဆိုသော မြန်မာနိုင်ငံအား အလုံးစုံပိတ်ဆို့ရေးအဆိုအား ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ထံသို့တင်သွင်းရာ လက်ခံခဲ့ပြီးယခုလ ၂၇ ရက်တွင် ဆုံးဖြတ်ချက်ချမည်ဟု ထုတ်ပြန်ထားခြင်းအပေါ် ပြည်တွင်းအလုပ်သမားအခွင့်အရေး လှုပ်ရှားသူများနှင့် ဒဂုံမြို့သစ်ခရိုင် စက်မှုဇုန်အသီးသီးမှ လုပ်သားအင်အားရာနှင့်ချီကာ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
အဆိုပါ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကို မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ရေးတင်သွင်းခဲ့သူများမှာ မြန်မာပြည်တွင်းရှိ အလုပ်သမားတစ်ဦးတစ်ယောက်ကိုမှ ကိုယ်စားမပြုခြင်း၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၏ ဘဝရပ်တည်မှုများအား နားလည်မှုမပေးနိုင်သလို မြန်မာနိုင်ငံ၏ ပဂတိအခြေအနေများနှင့် ကင်းကွာလျက်ရှိသော လူပုဂ္ဂိုလ်များဖြစ်ခြင်းကြောင့် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ILO အနေဖြင့် အာရုံမစိုက်သင့်ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော်သူများက ဆိုသည်။ ထို့ကြောင့် ILO အနေဖြင့် ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းများအား ကာကွယ်ပေးရန်၊ အလုပ်သမားထုစစ်စစ်၏ အသံကို နားထောင်ပေးရန်၊ Artical ၃၃ နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမည့်ကိစ္စ ချက်ချင်းရပ်တန့်ရန်၊ မြန်မာနိုင်ငံရှိ အလုပ်သမား ဝန်ကြီးဌာနမှ အလုပ်သမားထု အသံအား ILO သို့ ပြောကြားပေးရန် တောင်းဆိုခဲ့ကြ သည်။
"အလုံးစုံပိတ်ဆို့တဲ့အခါမှာ အဓိက ထိခိုက်ခံစားရမှာက စက်ရုံအလုပ်ရုံတွေပါ။ CMP စက်ရုံ အများစုက အထည်ချုပ်စက် ရုံတွေဖြစ်တာကြောင့် ပိတ်သိမ်းရရင် အမျိုး \သမီးအလုပ်သမားပေါင်း များစွာ အလုပ်အကိုင်ဆုံးရှုံးပြီး ဘဝအခက်အခဲတွေ ရင်ဆိုင် လာရနိုင်ပါတယ်။ ILO အဖွဲ့ကြီးအနေနဲ့ အလုပ်သမားတွေရဲ့အကျိုးကို ဆောင်ရွက်ရာမှာ အလုပ်သမားတွေရဲ့ အသံတွေကို နားထောင်တယ်၊ ကရုဏာထားတယ်လို့ ကြားဖူးပါတယ်။ အလုပ်သမားတွေရဲ့ အကျိုးအတွက် ILO ကရပ်တည်တယ်ဆိုရင် Article 33 ကျင့်သုံးမှာကို မြန်မာလုပ်သားတွေက မလိုလားဘူးဆိုတာ ကမ္ဘာကသိအောင် ကျွန်တော်တို့ ပြောရတာဖြစ်ပါတယ်။ နိုင်ငံရေးအရ တိုက်ခိုက်လိုတာနဲ့ ILO အရေခြုံ လှုပ်ရှားသူတွေကို သတိပြုဖို့ တိုက်တွန်းလိုပါတယ်"ဟု အလုပ်သမားအရေး လှုပ်ရှားသူ ဦးဇော်ဇော်အောင်က ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် အလုပ်သမားများက အလုပ်သမားထုဘဝကို ဖျက်ဆီးမည့် ပြည်ပြေးဒေါ် လာစားများကို အလိုမရှိကြောင်း၊ Article 33 အရ အလုံးစုံပိတ်ဆို့ရေးကို လက်မခံကြောင်း၊ အလုပ်သမားစစ်စစ်တို့၏ အလုပ်အကိုင်အခွင့်အလမ်းများ ကာကွယ်ပေးရေး တောင်းဆိုခဲ့ကြသည်။ ထူးမြတ်