လုပ်အားပေးသွားသည့်သူများ ထမင်းဘူး ပြန်မျှော်နေရ

နေပြည်တော်၊ စက်တင်ဘာ ၂၅
    ကလောမြို့ ရေကြီးပြီး တင်ကျန်ခဲ့သည့် ရွှံ့နွံနှင့်အမှိုက်သရိုက်များကို သွားရောက်ရှင်းလင်းပေးသည့် Volunteer များဝယ်စားရန် စားသောက်ဆိုင်နှင့် ထမင်းဆိုင်မရှိ၍ အစားအစာနှင့် ရေလို အပ်ချက်ရှိနေကြောင်း နမ့်လတ်လူမှုကူညီကယ်ဆယ်ရေး အသင်းမှ သိရသည်။
    "လက်ရှိကလောမှာ နေရာအသီးသီးက ရောက်ရှိနေတဲ့ Volunteer တွေ များနေပါတယ်။ အခက်အခဲက စားဖို့ကို ဝယ်စားဖို့ဆိုင်တွေလည်း မရှိဘူး။ တကယ်လို့ ကလောကို လှူဖို့ရှိတယ်ဆိုရင် Volunteer တွေအတွက် ထမင်းဘူးတွေသယ်သွားပေးဖို့ မေတ္တာရပ်ခံပါတယ်"ဟု အသင်းတာဝန်ရှိသူက ပြောသည်။ 
    ယခုအခါ ကလောဒေသသို့ တောင်ကြီးနှင့် ရန်ကုန်မှ လုပ်အားပေး လူငယ်အများအပြား ရောက်ရှိနေပြီး လူနေအိမ်များနှင့် လမ်းများကို သန့်ရှင်းရေးလုပ် ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ 
    "အိမ်တစ်အိမ်ပြီးဖို့ ပုံမှန်ဆို သုံး ရက်၊ လေးရက်၊ တချို့ ခြောက်ရက်၊ ခုနစ်ရက်ကြာတယ်။ ကျွန်တော်တို့ Volunteer တွေကတစ်ရက်တည်း အိမ် ၁၀ အိမ် လုပ်လိုက်တာ။ နားကိုမနားဘဲ အားပါးတရ ကူပေးလိုက်တယ်။ အိမ်တွေပြီးတော့ ရပ်ကွက်ဝင်တဲ့လမ်းတစ်လျှောက် မြောင်းဆယ် ပြီး ရေပါဆေးလိုက်တယ်"ဟု သွားရောက်ကူ ညီသူတစ်ဦးကပြောသည်။ 
    နမ့်လတ် လူမူကူညီရေးအသင်းအနေဖြင့် ကလောဒေသ၊ အင်းလေးဒေသများတွင် နေ့စဉ် Volunteer ဦးရေ ၅၀ မှ ၆၀ ဝန်းကျင်ဖြင့် ရွှံ့နွံနှင့် လမ်းရှင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။ ကွန်းဈာန်

Total Views ~ 228

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43806

© 2022 - 2025 News. All Rights Reserved.