ရန်ကုန်၊ စက်တင်ဘာ ၉
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် သန်းခေါင်စာရင်းကောက်ယူ ရမည့်ကာလကို ၁၅ ရက် သတ်မှတ်ထားသော်လည်း လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများအရ ရက်တိုးမြှင့် ကောက်ယူရန်လိုအပ်ပါက သက်ဆိုင်ရာ နေပြည်တော်တိုင်းဒေသကြီး ပြည်နယ်သန်း ခေါင်စာရင်း ကြီးကြပ်မှုကော်မတီများက တင်ပြဆောင် ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာ ရင်းကော်မရှင်၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးတွင် ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းက ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့် မည်ဆိုပါက GIS နည်းပညာနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း၊ CAPI
စနစ် တည်ဆောက်ခြင်းနှင့် Application ရေးသားခြင်း၊ စာရင်းစစ်၊ စာရင်းကောက်များ ခန့်ထားခြင်း၊ Mobile Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ စာရင်းစစ်၊ စာရင်းကောက် အသုံးအဆောင်ပစ္စည်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ ပေးပို့ခြင်းစသည့် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ သန်း ခေါင်စာရင်းကောက်ယူနိုင်ရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် သန်းခေါင်စာရင်းလုပ် ငန်းတစ်ခုလုံး၏ အဓိကကျသည့် ကွင်းဆင်းစာရင်းကောက်ယူ ခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ သန်းခေါင်စာရင်း ကောက်ယူ ခြင်း လုပ်ငန်းကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြမည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း၊ တိကျမှန်ကန် ပြီး အရည်အသွေးပြည့်ဝသည့် သန်းခေါင်စာရင်းအချက်အလက်များရရှိစေရန် သန်း ခေါင်စာရင်းကောက်ယူမည့် ကာလအတွင်းတွင် နေပြည်တော် တိုင်းဒေသကြီး၊ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကွပ်ကဲမှု၊ သန်းခေါင်စာရင်း ကော်မတီအဆင့်ဆင့်၏ အနီး ကပ်ကြီးကြပ်မှု၊ စာရင်းစစ်၊ စာရင်းကောက်များ၏ ကြိုးစားအားထုတ်မှုများအပေါ်တွင် ရာနှုန်းပြည့်မူတည်နေပြီး ပြည်သူများကလည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ဆက်လက်၍ သန်းခေါင်စာရင်း ကောက်ယူရာနှင့် သင်တန်းများဖွင့်လှစ်ရာတွင် အသုံးပြုရမည့် အသုံးအဆောင်ပစ္စည်းများကို နေပြည်တော် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အသုံးအဆောင်ပစ္စည်းများကို စာရင်းစစ်၊ စာရင်းကောက်များ လက်ဝယ်သို့ အချိန်မီရောက်ရှိ အောင် ထုတ်ပေးနိုင်ရေး၊ လေလွင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ မသမာသူများ လက်ဝယ်မရောက်ရှိစေရေး စသည်များကိုလည်း အထူးဂရုစိုက်ရန်လိုကြောင်း ပြောကြားခဲ့သည်။ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ အတတ်နိုင်ဆုံးရသည့် နေရာများတွင် သတ်မှတ်ချက်အတိုင်း ကောက်ယူရန်နှင့် မကောက်ယူနိုင်သည့် နေရာများတွင် လုံခြုံ ရေးများ ထပ်မံချထားပြီး ကာလသတ်မှတ်၍ မြေပြင်အမှန် ရသမျှ ကောက်ယူရန်နှင့် နိုင်ငံတော်စီ မံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်ရန်၊ ရှေ့ပြေးစာရင်း ထုတ်ပြန် မည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမတိုင်မီ ရနိုင်သမျှအပြီး ကောက်ယူသွားမည်ဟု သိရသည်။ ထူးမြတ်