၂၀၂၃ စက်တင်ဘာ ၆
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့်ဖြစ် စဉ်အပေါ် SureFix မှ ဝန်ထမ်းအား အမှုဖွင့်ထားပြီး နစ်နာသည့်အမျိုးသမီးကို သွားရောက်တွေ့ဆုံ၍ ကျေနပ်သည့်အထိ ဖြေရှင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း SureFix မှ ဒါရိုက်တာဒေါ်မို့မို့ခမ်းက ပြော ကြားခဲ့သည်။
Apple Device များ၏ ဆော့ဝဲလ်၊ ဟတ်ဝဲများအား ဝန်ဆောင်မှုနှင့် ပြုပြင်ခြင်း လုပ်ငန်းဖြစ်သော SureFix မှ ဝန်ထမ်းတစ်ဦးသည် ကုမ္ပဏီမှချမှတ်ထားသည့် စည်းကမ်းအား ဖောက်ဖျက်ကာ Customer တစ် ဦး၏ ဖုန်းပါအချက်အလက်များ ပေါက်ကြားစေခဲ့ပြီး လှုမှုကွန်ရက်တွင် ပျံ့နှံခဲ့မှုဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ် နှင့်စပ်လျဉ်းပြီး သြဂုတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ရှိ Pleasure View ဟိုတယ်တွင် SureFix မှ သတင်းစာရှင်းလင်းပွဲအား ကျင်း ပခဲ့သည်။
"ကျွန်မတို့အနေနဲ့ နစ်နာသူ Customer အမျိုးသမီးရဲ့ လူမှုကွန်ရက်ပေါ်ကစာကို တွေ့တွေ့ချင်း ညတွင်းချင်းသံသယရှိတဲ့ ဝန်ထမ်းကို စစ်ဆေးမေးမြန်းမှုတွေ သွားရောက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီဝန် ထမ်းဘက်က ငြင်းဆိုမှုတွေရှိနေလို့ အဖြစ်မှန် အမြန်ဆုံးပေါ်ပေါက်စေဖို့နဲ့ ခိုင်မာတဲ့ သက်သေတွေ ရရှိနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။ နောက်တစ်နေ့ မွန်းလွဲပိုင်းမှာ တော့ တာဝန် ရှိတဲ့လူကြီးတွေ ကျွန်မတို့ ဆိုင်တည်ရှိရာ Time City ကိုလာရောက်ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ရောက်ရှိလာတဲ့အတွက် သံသယရှိသူကိုပါ တစ်ပါတည်းခေါ်ဆောင်ပြီး လိုအပ်တာ တွေအကုန် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီဝန်ထမ်းကို အမှုဖွင့်အရေးယူမှုကို ဆောင်ရွက်ထားပြီး အမှုမှန်ပေါ်ပေါက်ဖို့ ဥပဒေအရနည်းလမ်းနဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ နစ်နာသူကိုလည်း ကျွန်မတို့ တွေ့ဆုံပြီးတော့ သူကျေနပ်တဲ့အထိ ဆောင်ရွက်ပေးဖို့ ရှိပါတယ်"ဟု surefix ၏ ဒါရိုက်တာ ဒေါ်မို့မို့ခမ်းက ပြောသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နစ်နာသူ Customer အမျိုးသမီးအား SureFix အနူးအညွတ် တောင်းပန်အပ်ပါကြောင်း၊ နစ်နာသူ Customer အမျိုးသမီး၏ ဂုဏ်သိက္ခာကျ ဆင်းခဲ့ရခြင်းအတွက် အခင်း ဖြစ်ပွားရာ ကမာရွတ်မြို့နယ်ရဲစခန်းတွင် နစ်နာသူကိုယ်စား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီးဖြစ်ကြောင်း၊ ကိုသန့်ဇင်အောင်သည် Surefix တွင် junior service Advisor ရာထူးတာဝန်ယူခဲ့သူ ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကမာရွတ်မြိနယ် မြို့မရဲစခန်းမှ သန့်ဇင်အောင်အား သြဂုတ် ၂၂ရက်တွင်(ပ)၁၇၆/၂၀၂၃ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။
]]ဒီဝန်ထမ်းကို ကမာရွတ်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ပြီးပါပြီ။ အမှုမှန်ပေါ်ပေါက်ပြီး ဥပဒေအရနည်းလမ်းနဲ့ အကောင်း ဆုံးကြိုးစားသွားမှာပါ။ ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီး အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေဖို့၊ အော်ပရေးရှင်းပိုင်းဆိုင်ရာမှာ ပြုပြင်မှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။ Customer ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မမြင်ကွယ်ရာမှာ ကူးယူခြင်းများ မပြုလုပ်နိုင်ဖို့၊ ဝန်ထမ်းတွေရဲ့ ဖုန်းတွေကို အလုပ်ချိန်အတွင်း အသုံးမပြုနိုင်အောင် ထိန်းသိမ်းထားခြင်း၊ ကာစတမ်မာတွေရဲ့ Password တွေ၊ လျှို့ဝှက်ကုတ်တွေကို တောင်းယူခြင်းမပြုဘဲ ပြုပြင်ခြင်းဆိုင်ရာတွေကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပြီးတော့ အခုလိုဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့မှုမှာထိခိုက်ခဲ့ရတဲ့ မိတ်ဆွေကုမ္ပဏီဖြစ်တဲ့ iSure ကိုလည်း နစ်နာမှုတွေကြောင့် တောင်းပန်ပါတယ်။ ဒီကိစ္စက isure နဲ့ မသက်ဆိုင်ပါဘူး။ သူက ဖုန်းပဲရောင်းတာပါ။ ကျွန်မတို့က အခုဆိုင်ကိုလည်း ပြောင်းပြီးတော့ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်"ဟု ဒေါ်မို့မို့ခမ်းက ဆက်လက်ပြောကြားခဲ့သည်။
သံသယရှိသူဝန်ထမ်း သန့်စင် အောင်အား '' Customer ဖုန်းမှ data အား Customer ၏ ခွင့်ပြုချက်ကုမ္ပဏီ၏ ခွင့်ပြုချက် တစ်စုံတစ်ရာမပါဝင်ဘဲ တစ်ဦးတည်း သဘောဆန္ဒဖြင့် Customer ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ကူးယူခြင်း၊ Social Media အပေါ်ဖြန့်ဝေခြင်း၊ ရောင်း ချခြင်း"လုပ်ရပ်များကြောင့် Customer နှင့်အတူ ကုမ္ပဏီဂုဏ်သိက္ခာပုံရိပ် ညှိုးနွမ်းစေခြင်း အကြောင်းများကြောင့် သြဂုတ်လ ၁၈ ရက်မှစ၍ အလုပ်မှထုတ်ပယ်ထားကြောင်း သိရသည်။ နစ်နာသူ မိန်းကလေးအား နစ်နာမှုအတွက် အတတ်နိုင်ဆုံးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဒါရိုက်တာ ဒေါ် မို့မို့ခမ်းက ပြောသည်။
Surefix သည် မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိသော Apple Device များ၏ Soft-ware/Hardware ပိုင်းဆိုင်ရာလို အပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ၂၀၂၁ ခုတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် surefix သည် ဝန်ထမ်းများကို ဖုန်းကိစ္စများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ပါက ဖုန်းကိုင်ခွင့်မပြုတော့ဘဲ စည်းကမ်းများကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။