၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၇
လျှပ်စစ်ဘတ်စ်များ တပ်ဆင်ထုတ်လုပ်မည့် လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည် ဖော် ဆောင်ရွက်ရန်စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ Daewoo Bus များ ထုတ်လုပ်သည့် အလုပ်ရုံသို့ ရောက်ရှိပြီး ထုတ်လုပ်တပ်ဆင်ထားသည့် Daewoo Bus များကို ဖေဖော်ဝါရီ ၂၅ရက်က လှည့်လည် ကြည့်ရှုစစ်ဆေးစဉ် ဝန်ကြီးက အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အနေဖြင့် လျှပ်စစ်မော် တော်ယာဉ်များနှင့်ပတ်သက်၍ မူဝါဒများရေးဆွဲ၍ ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် လျှပ်စစ်ဘတ်စ်များ တပ်ဆင်ထုတ်လုပ်မည့်လုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် လူမှုတာဝန်သိမှုလုပ်ငန်းများ (Corporate Social Respon-sibility-CSR) ဆောင်ရွက်ပေးရန်၊ လျှပ်စစ်သုံး မော်တော် ယာဉ်များအတွက် Charging Station နှင့် ရွေ့လျား Charger တို့ကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မှာကြားခဲ့သည်။
ထို့အပြင် တစ်ရက်လျှင် သုံးတန်မှ ငါးတန်အထိ ထုတ်လုပ်နိုင်သော အသေးစား ပျော့ဖတ်ထုတ်လုပ်သည့်စက်များ ထုတ်လုပ်နိုင်ရေးအတွက် အဖွဲ့များဖွဲ့စည်း၍ စနစ်တ ကျဆောင်ရွက်ရန်နှင့် တစ်ရက်လျှင် ၁၀ တန်အထိ ထုတ်လုပ်နိုင်သည့်စက်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက် ရုံ(ရေနီ)သို့ ရောက်ရှိပြီး အသေးစားပျော့ဖတ် နှင့် စက္ကူထုတ်လုပ်သည့်စက်များ ပြုပြင်နေမှုနှင့် ချိန်ညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထုတ်လုပ်မည့် အသေးစားပျော့ဖတ်ထုတ်စက်၏ ဒီဇိုင်းရေး ဆွဲနိုင်ရေးအတွက် ကြိုတင်စီမံ ဆောင်ရွက်ထားရန်၊ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်း ကိရိယာများကိုလည်း ပြန်လည်စစ်ဆေး၍ ကောင်းမွန်အောင်ပြုပြင်ရန်၊ တစ်ရက်လျှင် တန် ၂၀ ထုတ်လုပ်နိုင်သည့် ကတ်ထူစက္ကူ စက်ရုံကို ပြန်လည်လည်ပတ်နိုင်ရေးဆောင် ရွက်လျက်ရှိသဖြင့် စက်အရန်ပစ္စည်းများ ထုတ်လုပ်ပေးသည့် စက်ပစ္စည်းများ ပြုပြင် မွမ်းမံပေးရသည့် စက်ပစ္စည်းများကို ကောင်းမွန်အောင် ပြုပြင်ထားရန်၊ စက်ရုံရှိဝန်ထမ်း များသည်ပျော့ဖတ်နှင့် စက္ကူများ ထုတ်လုပ်သည့် လုပ်ငန်းအတွေ့အကြုံများရှိပြီး ဖြစ်သော်လည်း ခေတ်မီနည်းပညာများ ရရှိစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများပြုလုပ်ပေးရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက မှာကြားခဲ့သည်။