လျှပ်စစ်သုံးယာဉ်များ ကနဦး မှတ်ပုံတင် ဆောင်ရွက်ရာတွင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် ယာဉ်များသာ ရန်ကုန်လိုင်စင် ရရှိမည်

၂၀၂၃ ၊ မတ် ၁၄

လျှပ်စစ်သုံးယာဉ် (BEV) များ ကနဦး မှတ်ပုံတင် ဆောင်ရွက်ရာတွင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် ယာဉ်များသာ ရန်ကုန်လိုင်စင် ရရှိမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအသိပေးကြေညာထားချက်အရသိရသည်။

လျှပ်စစ်သုံးယာဉ် များနှင့်စပ်လျဉ်း၍ တည်ဆဲဥပ ဒေ၊ နည်းဥပဒေများ၊ ရုံးအမိန့်၊ ညွှန် ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကနဦးမှတ်ပုံတင်လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လျှပ်စစ်သုံးယာဉ်များ ကနဦးမှတ်ပုံတင်ဆောင်ရွက်ရာတွင် ယခင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညှိနှိုင်းချက်အရ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှစ၍ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ရန် ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံသောမော်တော်ယာဉ်များကိုသာ ရန်ကုန်လိုင်စင်ထုတ်ပေးရန် ညွှန်ကြားချက်အတိုင်း ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကညနမှ အသိပေးထား သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် မှတ်ပုံတင်ဆောင်ရွက်လိုသော လျှပ်စစ်သုံးယာဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီးလိုင်စင်ဖြင့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံစလစ် (ပုံစံ- ဃ) လိုအပ်ပါကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦး စီးဌာနက အသိပေးကြေညာထားသည်။

Total Views ~ 281

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43346

© 2022 - 2025 News. All Rights Reserved.