ဝေါမြို့တွင် ငွေကျပ်သိန်းသုံးထောင်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သိန်း ဖမ်းဆီးရမိ

၂၀၂၃ စက်တင်ဘာ ၂၀
    ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ဖမ်းဆီးရမိမှုမှ ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ 
    ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှာ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှ တောင်ကြီး-မြဝတီ ခရီးသည်တင်ယာဉ်ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။ 
    ထိုသို့ ရှာဖွေရာ ခရမ်းချဉ်သီး သေတ္တာများအတွင်း သိုဝှက်သယ်ဆောင် လာသည့် ဒေသကာ လတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀၀ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
    ဆက်လက်စစ်ဆေးရာ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင် စောလင်းထိန်(ခ) ကျော် ကျော်အား စက်တင်ဘာ ၁၃ ရက်က မြဝတီမြို့ စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်းတွင် တိုယိုတာ ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 
    စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည့်အတွက် ၎င်းင်းအား ဥပဒေအရအရေးယူ ထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

Total Views ~ 190

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43817

© 2022 - 2025 News. All Rights Reserved.