Breaking

သက်တမ်းရှိ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားမှသာ အချိန်တိုတွင်း ကာကွယ်စောင့် ရှောက်နိုင်မည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးအသိပေး

၂၀၂၃ အောက်တိုဘာ ၁၄
    လူကုန်ကူးခံရခြင်း၊ ပြည်နှင်ဒဏ်ခံရခြင်းနှင့် လက်ခံနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခြင်း စသည့် မမျှော်လင့်သော အခြေအနေ ကြုံတွေ့ရသူများအား သက်ဆိုင်ရာ မြန်မာသံရုံး၊ ကောင် စစ်ဝန်ချုပ်ရုံးမှ နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် ဆောင်ရွက်ပေးရာတွင်လည်း သက်တမ်းရှိ နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားမှသာလျှင် အချိန်တိုအတွင်း ကာကွယ် စောင့်ရှောက်မှုများ ပေးအပ်နိုင်ပြီး ကယ်ဆယ်ရေးအစီ အမံများ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်လိုက်သည်။
    သံရုံး၏ အသိပေးထုတ်ပြန်ချက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံသားတိုင်းသည် မိမိနိုင်ငံမှ အခြားနိုင်ငံ တစ်ခုခုသို့ လည်ပတ်ရန်၊ အလုပ်လုပ်ကိုင်ရန်၊ ပညာ သင်ကြားရန်၊ ဥပဒေနှင့်အညီ ကုန်သွယ်စီးပွားရှာရန်၊ ဆေးကုသရန် စသည်ဖြင့် သွားရောက်လိုသည့်အခါ မိမိနိုင်ငံအစိုးရအဖွဲ့၏ ထုတ်ပြန်ထားသော နည်းဥပဒေနှင့်အညီ ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (Pass-port)ကို ကိုင်ဆောင်ကာ ပြည်ဝင်ခွင့်လျှောက်ထားကြရပြီး ပြည်ဝင်ခွင့်ဗီဇာအား ခွင့်ပြုချိန်တွင် နိုင်ငံကူးလက်မှတ်၌ တွဲကပ်၍ထုတ် ပေးခြင်းဖြစ်သဖြင့် ဤနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူသည် ခွင့်ပြုသည့်နိုင်ငံသို့ တရားဝင်ဂုဏ်သိက္ခာရှိစွာ ဝင်ရောက်နိုင်မည်ဟု ဖော်ပြထားသည်။
    ထို့အပြင် နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသော MoU မြန်မာလုပ်သားများအနေဖြင့် စေလွှတ်သည့်နိုင်ငံ(မြန်မာ)နှင့် လက်ခံသည့်နိုင်ငံ(ထိုင်း)တို့၏ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ နေထိုင်အလုပ်လုပ်ကိုင်နိုင်ခြင်း၊ လက်ခံနိုင်ငံ(ထိုင်း)၏ သတ်မှတ်ဥပဒေ ပြဋ္ဌာန်းပါ အကျိုးခံစားခွင့်နှင့် ရပိုင်ခွင့်များ ပြည့်ဝစွာ ရရှိခြင်း၊ တရားဝင်ကာကွယ် စောင့်ရှောက်မှုများ ရရှိခြင်းတို့ကြောင့် လုံခြုံမှု ရရှိနိုင်မည်ဟုဖော်ပြထားသည်။ ဆက်လက်၍ဘဏ်စာရင်းဖွင့်လှစ်နိုင်ခြင်း အပြင် ကျန်းမာရေးအာမခံနှင့် လူမှုဖူလုံရေးအာမခံတို့ထားရှိနိုင်သဖြင့် ကာယကံရှင် လုပ်သားများသာ မက မိသားစုဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်ခံယူခွင့်၊ မိဘနှင့်အတူနေ ကျောင်းနေအရွယ် ကလေးများအတွက် ပညာရေးသင်ကြားခွင့် စသည့် အခြေခံအခွင့်အရေးများ ရရှိခံစားနိုင်မည် ဖြစ်ကာ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့လျှင်သော်လည်းကောင်း၊ သေဆုံးခဲ့ လျှင်သော်လည်းကောင်း၊ ၎င်းင်းတို့၏ မိသားစုဝင်များအနေဖြင့် သတ်မှတ်ဥပဒေနှင့်အညီ လျော်ကြေး၊ နစ်နာကြေးတို့ ခံစားခွင့်ရ ရှိနိုင် မည်ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် နိုင်ငံကူးလက်မှတ်များ မပျောက်စေရေး၊ ကုန်ဆုံးရက်ကျော်လွန်ခြင်း မဖြစ်စေရေး၊ မပျက်စီးစေရေး သတိပြုရန် လိုအပ်ပြီးနိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားပါက ပြည်ပနိုင်ငံများရှိ မြန်မာ သံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများအနေဖြင့် ချက်ချင်းပြန်လည်ထုတ်ပေး၍ မရရှိပါကြောင်း၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့သို့ အမှုတွဲကို ပြန်လည်ပေးပို့ ရမည်ဖြစ်ပြီး ပြန်လည်ထုတ် ပေးရန် ခွင့်ပြုချက်ရရှိမှသာ ထုတ်ပေးခွင့်ရှိပါကြောင်း၊ ပျောက်ဆုံး/ပျက်စီးသူများပြား သဖြင့် စိစစ်ချိန်ကာလကြာလေ့ရှိကြောင်း နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသူများအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကို ဆက်လက်အသိပေးသွားမည်ဟု သံရုံးမှအသိပေး ထုတ်ပြန်ထား သည်။

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43877

© 2022 - 2025 News. All Rights Reserved.