၂၀၂၃၊ မတ်၊ ၂၈
သင်္ကြန်ကာလအတွင်း အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းရှိ ယာဉ်လိုင်းအချို့ ပြေးဆွဲမှု ယာယီရပ်နားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) ထံက သိရသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ပြေးဆွဲ ၊ ရပ်နားမည့် ယာဉ်လိုင်းများမှာ ဧပြီ ၁၀ ရက်တွင် ပြေးဆွဲမည့်ယာဉ်လိုင်း ၁၈၃ လိုင်းနှင့် ရပ်နားမည့်ယာဉ်လိုင်း ၄၁ လိုင်း ၊ ဧပြီ ၁၁ ရက်နေ့တွင် ပြေးဆွဲမည့်ယာဉ်လိုင်း ၁၇၂ လိုင်းနှင့် ရပ်နားမည့်ယာဉ်လိုင်း ၅၂ လိုင်း ၊ ဧပြီ ၁၂ ရက်နေ့တွင် ပြေးဆွဲမည့်ယာဉ်လိုင်း ၁၅၂ လိုင်း နှင့် ရပ်နားမည့်ယာဉ်လိုင်း ၇၂ လိုင်း ၊ ဧပြီ ၁၃ ရက်နေ့တွင် ပြေးဆွဲမည့်ယာဉ်လိုင်း ၅၁ လိုင်း နှင့် ရပ်နားမည့်ယာဉ်လိုင်း ၁၇၃ လိုင်း ၊ ဧပြီ ၁၄ ရက်နေ့တွင် ပြေးဆွဲမည့်ယာဉ်လိုင်း ၅ လိုင်း နှင့် ရပ်နားမည့်ယာဉ်လိုင်း ၂၁၉ လိုင်း ၊ ပိတ်ရက်မရှိပြေးဆွဲမည့်ယာဉ်လိုင်း ၅ လိုင်းတို့ဖြစ်ကြောင်း သိရသည်။

အလားတူ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ပြေးဆွဲ ၊ ရပ်နားမည့် ယာဉ်လိုင်းများမှာ ဧပြီ ၁၃ ရက်အထိ ပြေးဆွဲမည့် ယာဉ်လိုင်း ၉၉ လိုင်း နှင့် ရပ်နားမည့်ယာဉ်လိုင်း ၁၁ လိုင်း၊ ပိတ်ရက်မရှိပြေးဆွဲမည့်ယာဉ်လိုင်း ၆ လိုင်း၊ ဧပြီ ၁၇ ရက်တွင် ပြန်လည်ပြေးဆွဲမည့်ယာဉ်လိုင်း ၉၈ လိုင်း၊ ဧပြီ ၁၈ ရက်တွင် ပြန်လည်ပြေးဆွဲမည့် ယာဉ်လိုင်း ၉၉ တို့ရှိကြောင်း သိရသည်။
ထို့အပြင် မဟာသင်္ကြန်ပွဲတော်ရက်အတွင်း အခြားတိုင်းဒေသကြီး ပြည်နယ်အခြေပြုယာဉ်လိုင်းများမှ ပြေးဆွဲခြင်းမရှိသည့် ယာဉ်လိုင်း(အောင်မင်္ဂလာအဝေးပြေး) ၂၄ လိုင်း၊ ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်းများမှ ပြေးဆွဲခြင်းမရှိသည့် ယာဉ်လိုင်း(အောင်မင်္ဂလာအဝေးပြေး) ၁၇ လိုင်း၊ အခြားတိုင်းဒေသကြီး ပြည်နယ်အခြေပြုယာဉ်လိုင်းများမှ ပြေးဆွဲခြင်းမရှိသည့် ယာဉ်လိုင်း(ဒဂုံဧရာအဝေးပြေး) ၂ လိုင်း၊ ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်းများမှ ပြေးဆွဲခြင်းမရှိသည့် ယာဉ်လိုင်း(ဒဂုံဧရာ အဝေးပြေး) ၉ လိုင်း တို့ဖြစ်ကြောင်း သိရသည်။