၂၀၂၄ ၊ ဇန်နဝါရီ ၃၁
စင်ကာပူနိုင်ငံ JEN Singapore Tanglin by Shanghai-La ၌ ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ပြုလုပ်သော သတင်းတုသတင်းမှားများနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရ ချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်နှင့် ဥရောပသမဂ္ဂအကြား ဆွေးနွေးပွဲသို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်။ သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုး၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယအမြဲ တမ်းအတွင်းဝန် ဦးမြင့်ကျော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး မန်ဟောက်ထန်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (ခ) မြင်းမူမောင်နိုင်မိုး တို့တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီး Mr Tan Kiat How က အဖွင့် အမှာစကားပြော ကြားပြီး AICHR ဆိုင်ရာ စင်ကာပူတာဝန်ခံ Dr Shashi Jayakumar နှင့် အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံတမန် Mr Sujiro Seam တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆွေးနွေးပွဲကို အပိုင်းလေးပိုင်းဖြင့် ပြုလုပ်ပြီး သတင်းတုသတင်းမှားကြောင့် လူ့အဖွဲ့အစည်း တွင် သက်ရောက်မှုများ၊ သတင်းတုသတင်းမှားကို ကိုင်တွယ်ထိန်းသိမ်းနည်း နာများ၊ အရှေ့တောင်အာရှ နိုင်ငံများနှင့် ဥရောပနိုင်ငံများတွင် သတင်းတုသတင်းမှား ကြောင့် ကြုံတွေ့နေကြ ရသော အခက်အခဲ အကျပ်အတည်းများအပေါ် ဖြေရှင်းဆောင် ရွက်ကြပုံများအပေါ် တက်ရောက်လာ ကြသည့် နိုင်ငံကိုယ်စားလှယ်များက ပွင့်လင်းစွာ ဆွေးနွေးကြပြီး အနာဂတ်ကာလတွင် သတင်းတု သတင်းမှား တိုက်ဖျက်ရေးနှင့် သတင်းမှန်များ နေ့စဉ်ပျံ့နှံ့ရေးသည် နိုင်ငံတစ်နိုင်ငံချင်းသာမက ဒေသတွင်းမှသည် ကမ္ဘာ့နိုင်ငံအသီးသီးက အလေးထားဆောင် ရွက်ရမည့်ကိစ္စဖြစ်ကြောင်း ရှုထောင့် မျိုးစုံက ဆွေးနွေးကြပြီး အစည်းအဝေးကို ဒေသစံတော်ချိန်ညနေ ၅ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။